- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
‘သတင်းတု’များအတွက် ထောင်ဒဏ်ချမှတ်နိုင်သည့် ဥပဒေတစ်ရပ် တူရကီလွှတ်တော် အတည်ပြု
တူရကီတွင် ၂၀၁၆ ခုနှစ်က မအောင်မြင်သော အာဏာသိမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက်တွင် အကြီးအကျယ် နှိမ်နင်းမှုများရှိခဲ့ပြီး တူရကီသတင်းစာနှင့် ရုပ်သံဌာန အများစုသည်လည်း အစိုးရအရာရှိများနှင့် ၎င်းတို့၏ စီးပွားရေးမဟာမိတ်များ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်ခဲ့သည်။
15 Oct 2022

တူရကီလွှတ်တော်က အတည်ပြုလိုက်သည့် ‘သတင်းတု’ဥပဒေအသစ်အား ကန့်ကွက်သည့်အနေဖြင့် လက်ကိုင်ဖုန်းကို တူဖြင့်ထုရိုက်ဖျက်ဆီးပြနေသည့် လွှတ်တော်အမတ်တစ်ဦး။ / ဓာတ်ပုံ - AFP
DMG ၊ အောက်တိုဘာ ၁၅
‘သတင်းတု’ဖြန့်ဝေသည့် သတင်းထောက်များနှင့် ဆိုရှယ်မီဒီယာ အသုံးပြုသူများအား ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်သော ဥပဒေတစ်ရပ်ကို ရွေးကောက်ပွဲအကြိုကာလတွင် တူရကီလွှတ်တော်က ကြာသပတေးနေ့၌ အတည်ပြုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လက်ရှိသမ္မတ ရီဆက်တေယစ်အာဒိုဂန် ပါဝင်ယှဉ်ပြိုင်မည့် အထွေထွေရွေးကောက်ပွဲကျင်းပရန် ၈ လ အလိုတည်းက မီဒီယာများအပေါ် တင်းကျပ်လာနေသည့် ဥပဒေများသည် ယခုဥပဒေအသစ်နှင့်အတူ ပိုမို ကျပ်တည်းလာတော့မည် ဖြစ်သည်။
ပြင်ဆင်ချက် ၄၀ ပါဝင်ပြီး တစ်ခုချင်းစီအတွက် သီးခြားမဲပေးရန်လိုအပ်သည့် ဥပဒေသစ်ကို သမ္မတအာဒိုဂန်၏ အစ္စလာမ်မူဝါဒအခြေခံ အေကေပီပါတီက တင်သွင်းခဲ့ခြင်းဖြစ်ကာ တူရကီ၏ အဓိက အတိုက်အခံအဖွဲ့များက ကန့်ကွက်ခဲ့ကြသည်။
စီအိတ်ချ်ပီပါတီမှ လွှတ်တော်အမတ်တစ်ဦးကလည်း ၎င်း၏ဖုန်းကို တူဖြင့် ထုရိုက်ဖျက်ဆီးကာ လွှတ်တော်က ပြဌာန်းလိုက်သည့် ဥပဒေအပေါ် ကန့်ကွက်ဆန္ဒပြခဲ့သည်။
တူရကီတွင် ၂၀၁၆ ခုနှစ်က မအောင်မြင်သော အာဏာသိမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက်တွင် အကြီးအကျယ် နှိမ်နင်းမှုများရှိခဲ့ပြီး တူရကီသတင်းစာနှင့် ရုပ်သံဌာန အများစုသည်လည်း အစိုးရအရာရှိများနှင့် ၎င်းတို့၏ စီးပွားရေးမဟာမိတ်များ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်ခဲ့သည်။
ယခုဥပဒေသစ်အရ လူမှုကွန်ရက်များနှင့် ဆိုရှယ်မီဒီယာ ဝက်ဘ်ဆိုက်များသည် လွဲမှားသောသတင်းများ ဖြန့်ချိမှု ပြုလုပ်နေသည်ဟု သံသယဖြစ်ခံရသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို အစိုးရထံသို့ ပေးအပ်ရမည်ဖြစ်သည်။