- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
ဒေလီတွင် မီးခိုးမြူများ ဆိုင်းနေသဖြင့် စာသင်ကျောင်းများ အချိန်အကန့်အသတ်မရှိ ပိတ်
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လေထုညစ်ညမ်းမှုသည် အန္တရာယ်ရှိသည်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် နောက်ထပ် အသိပေးချက်တစ်စုံတစ်ရာ မထွက်မချင်း စာသင်ကျောင်းများကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
19 Nov 2021
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လေထုညစ်ညမ်းမှုသည် အန္တရာယ်ရှိသည်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သဖြင့် နောက်ထပ် အသိပေးချက်တစ်စုံတစ်ရာ မထွက်မချင်း စာသင်ကျောင်းများကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြည်သူများကိုလည်း နေအိမ်မှ အလုပ်လုပ်ကြရန် အာဏာပိုင်များက တိုက်တွန်းထားပြီး မဖြစ်မနေသွားလာရန် မလိုအပ်သည့် ကုန်ကားများကိုလည်း မြို့တော်အတွင်းသို့ ဝင်ရောက်ခွင့် ပိတ်ထားသည်။
ဒေလီအာဏာပိုင်များသည် ပြီးခဲ့သော စနေနေ့တည်းက စာသင်ကျောင်းများကို တစ်ပတ်ကြာ ပိတ်ထားရန်နှင့် ဆောက်လုပ်ရေး လုပ်ငန်းများကိုလည်း ၄ ရက်ကြာ ရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။
သို့သော်လည်း အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် အမိန့်တွင်မူ ဒေလီ လေထုအရည်အသွေးစိစစ်ရေး ကော်မရှင်က နောက်ထပ် ကြေညာချက်တစ်စုံတစ်ရာ မထွက်မချင်း ပညာရေးဆိုင်ရာ အဆောက်အအုံများအားလုံး ပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။
အရေးပါသော ကုန်ပစ္စည်းသယ်ဆောင်သည့် ကားများမှအပ လော်ရီများနှင့် ကုန်တင်ကားများကို နိုဝင်ဘာလ ၂၁ ရက်နေ့အထိ မြို့တွင်းသို့ဝင်ခွင့် ပိတ်ထားပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်များလည်း ရပ်ဆိုင်းထားရန် အမိန့်တွင် ဖော်ပြထားသည်။
နယူးဒေလီသည် မြို့နေလူဦးရေ သန်း ၂၀ ခန့်ရှိပြီး ကမ္ဘာ့ လေထုအညစ်ညမ်းဆုံး နိုင်ငံများတွင် ပါဝင်သည်။
နှစ်စဉ် ဆောင်းရာသီဝင်လျှင် နယူးဒေလီ၌ မြူခိုးများ ထူထပ်သိပ်သည်းစွာ ဖုံးအုပ်နေလေ့ရှိသည်။ ဆောင်းရာသီ၌ ဒေလီလေထု ညစ်ညမ်းရသည့် အကြောင်းရင်းများတွင် အိမ်နီးချင်းပြည်နယ်မှ လယ်သမားများ တောင်ယာမီးရှို့မှုက အဓိက အကြောင်းရင်းတစ်ရပ် ဖြစ်သည်။
ယခုသီတင်းပတ်အတွင်း ဒေလီတွင် လေထုအရည်အသွေးတိုင်းတာသည့် PM ပမာဏ၂.၅ အဆင့်အထိ မြင့်တက်ခဲ့သည့် နေရာ ၄၀၀ ကျော်ရှိခဲ့သည်။ ဤပမာဏသည် နာတာရှည်အဆုတ်ရောဂါနှင့် နှလုံးရောဂါများအထိ ဖြစ်ပွားစေနိုင်သည့် ပမာဏဖြစ်သည်။