လူနည်းစု၏လောဘက ဆင်းရဲမွဲတေမှုကို ပိုမိုဆိုးဝါးစေသည်ဟု ပုပ်ရဟန်းမင်းကြီး ဝေဖန်

ချမ်းသာကြွယ်ဝသူ လူနည်းစု၏ မတော်လောဘကြောင့် ဆင်းရဲသူများ အတိဒုက္ခ ပိုမိုခံစားနေရသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရစ်စစ်က တနင်္ဂနွေနေ့တွင် ဝေဖန်လိုက်သည်။ အလုပ်လက်မဲ့များ အိမ်ရာမဲ့များနှင့် အတူစားသောက်သည့် စားပွဲဝိုင်းတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

By Foreign Desk 18 Nov 2019

အိမ်ရာမဲ့များနှင့် တနင်္ဂနွေနေ့တိုင်း စားပွဲဝိုင်းကျင်းပသည့် အလေ့အထသည် လက်ရှိပုပ်ရဟန်းမင်းကြီး လက်ထက်တွင် ကျင့်သုံးလာခြင်းဖြစ်သည်။ (ဓာတ်ပုံ - AP)

ချမ်းသာကြွယ်ဝသူ လူနည်းစု၏ မတော်လောဘကြောင့် ဆင်းရဲသူများ အတိဒုက္ခ ပိုမိုခံစားနေရသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရစ်စစ်က တနင်္ဂနွေနေ့တွင် ဝေဖန်လိုက်သည်။ အလုပ်လက်မဲ့များ အိမ်ရာမဲ့များနှင့် အတူစားသောက်သည့် စားပွဲဝိုင်းတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

စိန့်ပီတာဘုရားကျောင်းတွင် ကျင်းပသည့် စားပွဲဝိုင်းသည် ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲမွဲတေသူမျာအပေါ် အလေးထားမှု ပိုမိုရရှိစေရန်၊ ဆင်းရဲချမ်းသာ လူတန်းစားကွာဟမှု ပိုမိုကြီးမားလာသည်ကို ဂရုပြုကြစေရန် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်သည်။

ဆင်းရဲချမ်းသာ ကွာဟမှု ပိုမိုများပြားလာပြီး လူနည်းစု၏ မတော်လောဘက အများစုကို ဆင်းရဲတွင်းထဲ တွန်းပို့သလိုဖြစ်နေသည်ကို မိမိတို့ သတိမမူဘဲ ဖြစ်နေကြကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

ထိုကဲ့သို့ ပြောကြားမှုသည် ရာထူးကြီး ဘုန်းတော်ကြီးတစ်ချို့ အပေါ်တွင်လည်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။ အဆိုပါ ဘုန်းတော်ကြီးများသည် အိမ်ခြံမြေ အရောင်းအဝယ်ကိစ္စများ တွင် ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံထားသူများ၊ အဖိုးမဖြစ်နိုင်သည့် အနုပညာလက်ရာများ ပိုင်ဆိုင်သူများ ဖြစ်ကြသည်။

ဗာတီကန်ခန်းမတွင် အပတ်စဉ်ပြုလုပ်နေကျ ညစာစားပွဲ၌ စားပွဲဝိုင်း ၁၅၀ ခန့်ရှိသည်။ (ဓာတ်ပုံ - AP)

အိမ်ရာမဲ့များနှင့် တနင်္ဂနွေနေ့တိုင်း ဝိုင်းဖွဲ့စားသောက်သည့် အလေ့အထသည် လက်ရှိပုပ်ရဟန်းမင်းကြီး လက်ထက်တွင် ကျင့်သုံးလာခြင်းဖြစ်သည်။

လူမှုရေးလုပ်ငန်းများတွင် ပုပ်ရဟန်းမင်းကြီး၏ ဆောင်ရွက်ချက်များအပေါ် ရှေးရိုးစွဲဘုန်းတော်ကြီးများက သဘောမကျကြပေ။ ပုပ်ရဟန်းမင်းကြီးအနေဖြင့် တစ်ဦးတစ်ယောက်ချင်းထက် မူဝါဒအပေါ် ပိုအလေးထားသင့်သည်ဟု ၎င်းတို့က ယူဆကြသည်။

ဗာတီကန်ခန်းမတွင် အပတ်စဉ်ပြုလုပ်နေကျ ညစာစားပွဲ၌ စားပွဲဝိုင်း ၁၅၀ ခန့်ရှိသည်။ နောက်ထပ် လူဦးရေ ၁၅၀၀ ခန့်ကိုလည်း ရောမမြို့တွင်း တစ်ခြားနေရာတွင် ကျွေးမွေးမည်ဖြစ်သည်။

အီတလီနိုင်ငံတစ်ဝန်း သာသနာပိုင်နယ်မြေများတွင် အိမ်ရာမဲ့များအတွက် စားပွဲဝိုင်းများ ပုံမှန်ပြုလုပ်ပေးလေ့ရှိသည်။