- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
တရုတ်မာရသွန်ပွဲ မိုးသက်လေပြင်းနှင့်တိုးပြီး အပြေးသမား ၂၀ သေဆုံး
တရုတ်ပြည် ဂန်ဆုခရိုင်တွင် မာရသွန်ပြိုင်ပွဲ ကျင်းပနေစဉ် မိုးသက်လေပြင်း ကျရောက်ခဲ့သဖြင့် အပြေးသမား ၂၀ ဦး သေဆုံးပြီး တစ်ဦး ပျောက်ဆုံးနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
24 May 2021

DMG ၊ မေ ၂၄
တရုတ်ပြည် ဂန်ဆုခရိုင်တွင် မာရသွန်ပြိုင်ပွဲ ကျင်းပနေစဉ် မိုးသက်လေပြင်း ကျရောက်ခဲ့သဖြင့် အပြေးသမား ၂၀ ဦး သေဆုံးပြီး တစ်ဦး ပျောက်ဆုံးနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မေလ ၂၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ဂန်ဆုခရိုင် အနောက်မြောက်ဘက်ရှိ ဘိုင်ယင်းမြို့တောအနီး မြစ်ဝါကျောက်တုံး တောအုပ်တွင် မာရသွန်ပြေးပွဲ ကျင်းပစဉ် မိုးသက်လေပြင်းများ ကျရောက်ခဲ့ခြင်း ဖြစ်သည်။
အချိန်တိုအတွင်း မိုးသီးများကြွေကျလာသလို လေလည်း ပြင်းထန်စွာ တိုက်ခတ်ပြီး အပူချိန်လည်း ချက်ချင်း ကျဆင်းသွားသည်ဟု ဘိုင်ယင်းမြို့တော်ဝန် ကျန်းရှုချန်က ပြောသည်။
အပြေးသမားများထံမှ အကူအညီ တောင်းခံသည့် သတင်းကို ရရှိပြီး အချိန်မဆိုင်းဘဲ ပြိုင်ပွဲစီစဉ်သူများသည် ကယ်ဆယ်ရေးအဖွဲ့ စေလွှတ်ခဲ့ကြောင်း သူကဆိုသည်။
နေ့လယ် ၂ နာရီခန့်တွင် ရာသီဥတု အခြေအနေ ပိုဆိုးလာသဖြင့် အပြေးပြိုင်ပွဲကို ရပ်ဆိုင်းကာ ကယ်ဆယ်ရေးအဖွဲ့များ တိုးမြှင့်စေလွှတ်ခဲ့သည်။
အပြေးသမားအချို့သည်လည်း ကိုယ်ပူရှိန် အလွန်းအမင်း ကျဆင်းမှုကို ခံစားခဲ့ရကြောင်း အစိုးရပိုင် ဆင်ဟွာသတင်းဌာန၏ ကြေညာချက်အရ သိရသည်။
ပြိုင်ပွဲဝင် ၁၇၂ ဦး အနက် ၂၃ ရက် နံနက် ၃ နာရီခန့်တွင် ၁၅၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာန၏ ကြေညာချက်အရ သိရသည်။
ဂန်ဆုခရိုင်သည် တရုတ်တွင် အဆင်းရဲဆုံး ဒေသများအနက် တစ်ခုဖြစ်သည်။ ဂန်ဆုတွင် မြေပြိုမှုများ၊ ရေလွှမ်းမိုးမှုများ မကြာခဏဆိုသလို ဖြစ်လေ့ရှိပြီး ၂၀၁၀ တွင် မြေပြိုမှုများကြောင့် လူ ၁၀၀၀ ကျော် သေဆုံးခဲ့သည်။