- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
အရှေ့တောင်အာရှ မြို့ပေါင်း ၃၀၀ ခန့်အနက် ၈ မြို့သာ လေကောင်းလေသန့် ရရှိကြောင်း WHO အစီရင်ခံစာတွင် ဖော်ပြ
အရှေ့တောင်အာရှ ဒေသတွင်း မြို့ပေါင်း၂၉၆ မြို့ကို စစ်တမ်းကောက်ယူခဲ့ရာ၌ လေထုအရည်အသွေး နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် မြို့မှာ ၈ မြို့သာရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Mar 2023
အရှေ့တောင်အာရှ ဒေသတွင်း မြို့ပေါင်း၂၉၆ မြို့ကို စစ်တမ်းကောက်ယူခဲ့ရာ၌ လေထုအရည်အသွေး နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် မြို့မှာ ၈ မြို့သာရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်းရှိ လေထုအရည်အသွေးကို စစ်ဆေးလျက်ရှိသည့် IQAir ကုမ္ပဏီက ယခုကဲ့သို့ စစ်တမ်းကောက်ယူခဲ့ရာ၌ အာရှဒေသရှိ မြို့များအားလုံး၏ ၂.၇ ရာခိုင်နှုန်းသာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည့် လေထုတွင်းအမှုန်အမွှား PM2.5 ပါဝင်နှုန်း စံချိန်စံညွှန်းနှင့် ကိုက်ညီကြောင်း တွေ့ရှိရခြင်းဖြစ်သည်။
မတ်လ ၁၄ ရက်နေ့က ထုတ်ပြန်သည့် အဆိုပါအစီရင်ခံစာအရ လေထုညစ်ညမ်းမှု အမြင့်ဆုံး ၁၅ မြို့တွင် အင်ဒိုနီးရှားနိုင်ငံမှ ဂျာကာတာ၊ ဆူရာဘယာ၊ ပါဆာကီမစ်အပါအဝင် မြို့ကြီးခြောက်မြို့အထိ ပါဝင်နေသည်ကို တွေ့ရသည်။
အရှေ့တောင်အာရှတွင် အသန့်ရှင်းဆုံးလေထုကို ဗီယက်နမ်နိုင်ငံ မြစ်နီမြစ်ဝှမ်းရှိ နမ်ဆက်ဒေသတွင် တွေ့ရှိရကြောင်း IQAir အဖွဲ့၏ စစ်တမ်းအရ သိရသည်။
အနှစ်ချုပ်အားဖြင့် အရှေ့တောင်အာရှဒေသ၏ လေထုသည် ယမန်နှစ်ကထက် ပိုမိုတိုးတက်လာကြောင်း စစ်တမ်းတွင် ဖော်ပြသည်။
PM2.5 သည် ကျန်းမာရေး ပြဿနာများ ဖြစ်စေနိုင်သည့် သေးငယ်သော အမှုန်အမွှားများ ဖြစ်ကာ အသက်အန္တရာယ် အထိ ဒုက္ခရောက်စေနိုင်သည့် လေထုညစ်ညမ်းမှု အမှုန်များအနက် တစ်မျိုးဖြစ်သည်။ ဤအမှုန်များသည် အဆုတ်အတွင်းပိုင်း နက်ရှိုင်းသည့်နေရာအထိ ဝင်ရောက်နိုင်ပြီး အဆိုပါနေရာတွင် ကာလရှည်ကြာစွာ ကပ်ခိုနေခြင်း သို့မဟုတ် မစစ်ထုတ်နိုင်ဘဲ သွေးစီးကြောင်းထဲသို့ ဝင်ရောက်သွားခြင်းမျိုး ဖြစ်နိုင်သည်။
ညစ်ညမ်းသောလေထုကို ကာလရှည်ကြာ ရှူရှိုက်လာရလျှင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို ခံနိုင်ရည် ကျဆင်းလာပြီး အဆုတ်ကင်ဆာနှင့် နှလုံးရောဂါများအထိ ဖြစ်ပွားနိုင်သည်။