- တောဟိန်းတောင်ဗျူဟာကုန်းကို AA သိမ်းပိုက်
- ပေါက်တောမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးကျ၍ အရပ်သားသုံးဦးဒဏ်ရာရ
- သံတွဲတိုက်ပွဲတွင် စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးသေဆုံး
- ဒေသတွင်းထွက်ကုန် မတင်ပို့နိုင်သဖြင့် ရခိုင်ပြည်စီးပွားရေး ကျဆင်းနေ
- အမ်းမြို့နယ်က ချင်းလူမျိုး ၁၀၀ ကျော်ကို စစ်မှုထမ်းရန် စစ်ကောင်စီ ဖိအားပေးနေ
ယူကရိန်းအတွက် ပက်ထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ် အမေရိကန် ထောက်ပံ့မည်
ရုရှားတို့၏ အတောမသတ်သော တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန်အတွက် ယူကရိန်းကို အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေး ပက်ထရီယော့ဒုံးကျည်စနစ် ထောက်ပံ့သွားမည်ဟု အမေရိကန်က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
22 Dec 2022
ဓာတ်ပုံ - ABC News
DMG | ဒီဇင်ဘာ ၂၂
ရုရှားတို့၏ အတောမသတ်သော တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန်အတွက် ယူကရိန်းကို အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေး ပက်ထရီယော့ဒုံးကျည်စနစ် ထောက်ပံ့သွားမည်ဟု အမေရိကန်က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီး ဝါရှင်တန်သို့ အလည်အပတ် ရောက်လာချိန်၌ အမေရိကန်အစိုးရက ယူကရိန်းအတွက် ဒေါ်လာ ၁.၈၅ ဘီလျံ တန်ဖိုးရှိသည့် အထောက်အပံ့များ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။ ပက်ထရီယော့ ဒုံးကျည်စနစ်သည် ဤအထောက်အပံ့များတွင် ပါဝင်သည်။
ယခုအကူအညီ၌ ပက်ထရီယော့စနစ်တစ်စုံ၊ တင့်ကားသုံးခဲယမ်းမီးကျောက်များ၊ မော်တာစနစ်များ၊ လက်ဗစ်ဗုံးများနှင့် ကျည်ကာအင်္ကျီများ ပါဝင်သည်။ ပက်ထရီယော့စနစ်တွင် ကွပ်ကဲရေးစင်တာ၊ ဒုံးကျည်များ ဝင်ရောက်လာမှုကို စစ်ဆေးမည့် ကွပ်ကဲရေးစင်တာတစ်ခုနှင့် ဒုံးပစ်စင်များအပါအဝင် သောင်းနှင့်ချီသော ဒုံးကျည်များပါဝင်မည် ဖြစ်သည်။
ယူကရိန်းသည် ပက်ထရီယော့ဒုံးကျည်စနစ် ကူညီပေးရန် ဝါရှင်တန်အား တောက်လျှောက်ဆိုသလို တောင်းဆိုနေခဲ့ခြင်း ဖြစ်သဖြင့် ယခုအကူအညီသည် ကီယက်ဗ်အတွက် အောင်မြင်မှုတစ်ရပ်လည်း ဖြစ်သည်။
ရုရှားသည် ယူကရိန်းအား ဒုံးကျည်များဖြင့် တောက်လျှောက်ဆိုသလို ပစ်ခတ်လျက်ရှိသလို ဒရုန်းများဖြင့်လည်း ယူကရိန်းမြို့ကြီးများကို ဝင်ရောက်တိုက်ခိုက်မှုများရှိသဖြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်သည် ယူကရိန်းအတွက် အချက်အချာကျသည့် နေရာတွင် ရှိနေသည်။