- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အထူးကိုယ်စားလှယ်အား မြန်မာဘက်က အတည်ပြုမည်ကို အာဆီယံ စောင့်နေ
မြန်မာနိုင်ငံ၏ ပြင်းထန်သည့် နိုင်ငံရေးအကျပ်အတည်းကြီးကို ကူညီဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့ကြီးက အထူးကိုယ်စားလှယ် တစ်ဦးကို ရွေးချယ်လိုက်ပြီ ဖြစ်သော်လည်း မြန်မာအာဏာပိုင်များဘက်မှ အတည်ပြုမည်ကို စောင့်ဆိုင်းနေဆဲဟု သံတမန်နှစ်ဦးထံမှ သိရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Aug 2021
DMG ၊ ဩဂုတ် ၄
မြန်မာနိုင်ငံ၏ ပြင်းထန်သည့် နိုင်ငံရေးအကျပ်အတည်းကြီးကို ကူညီဖြေရှင်းရေးအတွက် အာဆီယံအဖွဲ့ကြီးက အထူးကိုယ်စားလှယ် တစ်ဦးကို ရွေးချယ်လိုက်ပြီ ဖြစ်သော်လည်း မြန်မာအာဏာပိုင်များဘက်မှ အတည်ပြုမည်ကို စောင့်ဆိုင်းနေဆဲဟု သံတမန်နှစ်ဦးထံမှ သိရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အရှေ့တောင်အာရှ နိုင်ငံများ၏ ထိပ်တန်းသံတမန်များသည် အာဆီယံ အထူးကိုယ်စားလှယ်အား မြန်မာဘက်မှ အတည်ပြုမည်ကို မဝံ့မရဲ စောင့်ဆိုင်းနေကြကာ အတည်ပြုပြီးမှ ခန့်အပ်ထားသော သံတမန် မည်သူမည်ဝါဖြစ်ကြောင်း ကြေညာနိုင်မည်ဟု သြဂုတ်လ ၃ ရက်နေ့က အေပီသတင်းတွင် ရေးသားထားသည်။
သြဂုတ်လ ၂ ရက် တနင်္လာနေ့တွင် ပြုလုပ်သည့် အစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများသည် ဘရူနိုင်းနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဝင်ယူဆော့ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ခန့်ထားရန် ဆုံးဖြတ်ခဲ့ကြသည်ဟု အရှေ့တောင်အာရှ သံတမန်နှစ်ဦးက ပြောသည်။
လူသိရှင်ကြား ထုတ်ဖော်ပြောကြားခွင့် မရှိသဖြင့် အဆိုပါသံတမန်နှစ်ဦးသည် အေပီသတင်းဌာနအား အမည်မဖော်ဘဲ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အာဆီယံ၏ အဆိုပြုချက်အား မြန်မာဘက်က ချက်ချင်း အကြောင်းမပြန်သေးကြောင်း အဆိုပါသံတမန်များက ပြောသည်။ မြန်မာဘက်မှ အဘယ်ကြောင့် ချက်ချင်း အတည်မပြုသေးသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရအဖွဲ့ ဖြုတ်ချခံခဲ့ရပြီးနောက်တွင် အာဆီယံအဖွဲ့ကြီးသည် မြန်မာ့အရေးနှင့် ပတ်သက်၍ မြင့်တက်လာသည့် နိုင်ငံတကာဖိအားများကို ရင်ဆိုင်နေရသည်။
အခြားတစ်ဘက်တွင်မူ အာဆီယံအဖွဲ့၌ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး မူဝါဒ ရှိထားသလို ဆုံးဖြတ်ချက်များကိုလည်း အဖွဲ့ဝင် ၁၀ နိုင်ငံလုံး၏ သဘောတူညီမှု ရရှိမှသာ ဆောင်ရွက်ခွင့် ရှိသည်။
ယခုအသစ်ခန့်အပ်လိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ကိုလည်း မြန်မာဘက်မှ အတည်ပြုချက် မရှိဘဲ ခန့်အပ်၍ မရပေ။
မြန်မာဘက်ကမူ ယခင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဝီရဆာဒီဖူထရာကူအား အာဆီယံသံတမန်အဖြစ် ခန့်အပ်ရန် ပိုမိုလိုလားကြောင်း အာဆီယံသံတမန်တစ်ဦး၏ ပြောကြားချက်ကို အေပီသတင်းတွင် ဖော်ပြထားသည်။