- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
တပ်မတော်ကို နိုင်ငံတကာမှ ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူရန် KNU တောင်းဆို
ကရင်နယ်မြေအား တပ်မတော်မှ ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် ကရင်ပြည်သူများနှင့် တိုင်းရင်းသားများ သေဆုံး ထွက်ပြေးနေရ၍ နိုင်ငံတကာမှ ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူမှု ပြုလုပ်ရန် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တောင်းဆိုလိုက်သည်။
03 Apr 2021
DMG ၊ ဧပြီ ၃
ကရင်နယ်မြေအား တပ်မတော်မှ ဂျက်တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် ကရင်ပြည်သူများနှင့် တိုင်းရင်းသားများ သေဆုံး ထွက်ပြေးနေရ၍ နိုင်ငံတကာမှ ပြင်းပြင်းထန်ထန် ပိတ်ဆို့အရေးယူမှု ပြုလုပ်ရန် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့မှ စ၍ ၃၁ ရက်နေ့အထိ တပ်မတော်မှ သာလွန်အင်အားအသုံးပြုကာ ဂျက်လေယာဉ်များဖြင့် မူကြော် (ဖါးပွန်) ခရိုင်၊ ညောင်လေးပင်ခရိုင်ရှိ ပြည်သူလူထု၏ နေထိုင်ရာကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့သည့်အတွက် ပြင်းထန်စွာရှုတ်ချကြောင်း ဧပြီလ ၂ ရက်နေ့က KNU က သဘောထား ထုတ်ပြန်ထားသည်။
လူသားမဆန်စွာ အရပ်သားများအပေါ်ပြုလုပ်ခဲ့သော လုပ်ရပ်များကြောင့် လူမမယ်ကလေးငယ်၊ ကျောင်းသားများအပါအဝင် လူပေါင်းများစွာ သေဆုံးစေခဲ့ပြီး စာသင်ကျောင်း၊ လူနေအိမ်များ၊ ကျေးရွာများကို ပျက်စီးစေကာ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေများအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့် အကြမ်းဖက်လုပ်ရပ်ဟု KNU က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂,၀၀၀ ကျော် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖန်တီးဖြစ်ပေါ်စေသည်ဟု KNU က ဆိုသည်။
တပ်မတော်မှ ယင်းကဲ့သို့ လုပ်ရပ်များသည် ပြည်တွင်းစစ်ကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စွာ ဖြစ်ပေါ်ရေးသို့ တွန်းပို့နေကြောင်းနှင့် နိုင်ငံ၏ စည်းလုံးညီညွတ်ရေး တည်ငြိမ်အေးချမ်းရေးနှင့် လွတ်လပ်ရေး စသည့် အလုံးစုံပျက်သုန်းရေးသို့ ဦးတည်နေသည်ဟု ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ပဒိုစောကွယ်ထူးဝင်းက ပြောသည်။
တပ်မတော်ကို လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဂျက်တိုက်လေယာဉ်များ ရောင်းချနေသည့် နိုင်ငံတကာမှ ထပ်မံမရောင်းဘဲ ပိတ်ဆို့ပေးရန် KNU မှ မေတ္တာရပ်ခံထားသည်။
ယင်းအပြင် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းဖြစ်ပေါ်ရေးကို ဆန့်ကျင်ဖျက်ဆီးနေခြင်းနှင့် နိုင်ငံတော်အာဏာကို ရယူသိမ်းပိုက်ထားသည့် တပ်မတော်ဦးဆောင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းရင်းသားပြည်သူလူထုနှင့် နိုင်ငံတကာမှ ပြင်းပြင်ထန်ထန် ပိတ်ဆို့အရေးယူပေးရန် KNU ထပ်မံတောင်းဆိုကြောင်း ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ပဒိုစောတာဒိုမူးက ပြောသည်။