- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
- ရန်ကုန်သည် ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆင့် ၂ နေရာတွင် ရှိနေ
- ဆေးကုသခွင့်ခက်ခဲ၍ ရခိုင်က ကင်ဆာရောဂါသည်များ အသက်သေဆုံးမှုရှိနေ
- ဂွတွင် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
- မြန်မာဘက်သို့ ပေးနေသည့် လျှပ်စစ်မီးကို ၅၀ ရာခိုင်နှုန်းအထိ ထိုင်းလျှော့ချမည်
၂၀၂၂ တွင် မြန်မာ့စီးပွားရေး ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်
အလွန်အမင်း နိမ့်ကျသွားပြီးမှ ပြီးခဲ့သည့်နှစ်တွင် အနည်းငယ် ပြန်လည်နာလန်ထူလာခြင်းက စီးပွားရေး အားနည်းနေဆဲ ဖြစ်ကြောင်း ညွှန်ပြနေသည်ကို အစီရင်ခံစာက ဆိုသည်။
01 Feb 2023
ဓာတ်ပုံ - AP
စစ်တပ်အုပ်ချုပ်လျက်ရှိသော မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၂၀၂၃ တွင်လည်း ဤနှုန်းအတိုင်း ဆက်လက်မြင့်တက်နေဦးမည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်က တနင်္လာနေ့ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
သို့သော်လည်း ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းမှုတို့ မတိုင်မီကာလနှင့် ယှဉ်ပါက မြန်မာ့စီးပွားရေးသည် ၁၀ ရာခိုင်နှုန်းအောက်အထိ ကျဆင်းနေဆဲဖြစ်ကာ တစ်ဦးချင်းဝင်ငွေ လည်ပတ်မှုသည်လည်း ထိုထက်ပို နိမ့်ကျနေဆဲဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသာ လက်ရှိခန့်မှန်းထားသကဲ့သို့ ဆက်လက်ကျဆင်းနေဦးမည် ဆိုပါက ကိုဗစ်အလွန် အသင့်အတင့် နာလန်ထူခဲ့ပြီးနောက် အာဏာသိမ်းမှု၊ ပြည်ပ ဒဏ်ခတ်အရေးယူမှုတို့ကြောင့် အခက်ကြုံနေရသော မြန်မာနိုင်ငံ၏ ပို့ကုန်နှင့် ရင်းနှီးမြှုပ်နှံမှုများသည် အားနည်းသွားနိုင်ခြေရှိနေသည်။
၂၀၂၁ ရှေ့နှစ်များက ၆ ရာခိုင်နှုန်းခန့်ဖြင့် မှန်မှန်မြင့်တက်နေခဲ့သော မြန်မာ့စီးပွားရေးသည် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
အလွန်အမင်း နိမ့်ကျသွားပြီးမှ ပြီးခဲ့သည့်နှစ်တွင် အနည်းငယ် ပြန်လည်နာလန်ထူလာခြင်းက စီးပွားရေး အားနည်းနေဆဲ ဖြစ်ကြောင်း ညွှန်ပြနေသည်ကို အစီရင်ခံစာက ဆိုသည်။
လောင်စာဆီနှင့် ဓာတ်ငွေ့ အပါအဝင် အခြားသောသုံးကုန်များ ဈေးနှုန်းမြင့်တက်လာမှု နှင့်အတူ ကုန်ဈေးနှုန်းမြင့်တက်မှုသည် ယမန်နှစ်ဇူလိုင်လတွင် ၂၀ ရာခိုင်နှုန်းခန့်အထိ ရှိခဲ့သည်။
နိုင်ငံခြားငွေကြေးနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းအပေါ် ထိန်းချုပ်ထားသည်များကို ဗဟိုဘဏ်က ဖြေလျော့ပေးခဲ့ပြီး ဖြစ်သော်လည်း တစ်ဒေါ်လာ ပြင်ပပေါက်ဈေး ၂,၈၀၀ ကျပ်ရှိနေချိန်၌ စီးပွားရေးလုပ်ငန်း အများအပြားသည် တရားဝင်သတ်မှတ်နှုန်း ၂,၁၀၀ ကျပ်ဖြင့် လဲရန် ဖိအားပေးခံနေရဆဲ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်အစီရင်ခံစာ၌ ဖော်ပြထားသည်။