- ဧရာဝတီက ကုန်စည်များကို ရခိုင်သို့ မပို့ရန် စစ်ကောင်စီ ထပ်မံပိတ်ပင်
- ရသေ့တောင်ဒေသခံများ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရ
- သက်ဆင်ရှင်နာဝပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးနှင့် ခရစ်တိုငွေကြေးအကြောင်း ဆွေးနွေး
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးလာ
- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
တိုးတက်မှုများဆောင်ရွက်နိုင်လျှင် အာဆီယံအစည်းအဝေး တက်နိုင်သည်ဟု မြန်မာကို ဖိတ်ခဲ့ကြောင်း ကမ္ဘောဒီးယားပြော
ပြီးခဲ့သောနှစ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘောတူခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်၍ တိုးတက်မှုများ ဆောင်ရွက်နိုင်ပါက အာဆီယံအစည်းအဝေးသို့ တက်ရောက်နိုင်သည်ဟု မြန်မာစစ်အုပ်စုအကြီးအကဲအား ဖိတ်ခေါ်ခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားလိုက်သည်။
26 Jan 2022
ပြီးခဲ့သောနှစ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သဘောတူခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်နှင့် ပတ်သက်၍ တိုးတက်မှုများ ဆောင်ရွက်နိုင်ပါက အာဆီယံအစည်းအဝေးသို့ တက်ရောက်နိုင်သည်ဟု မြန်မာစစ်အုပ်စုအကြီးအကဲအား ဖိတ်ခေါ်ခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။
ဗုဒ္ဓဟူးနေ့တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗီဒီယိုဖြင့် ဆွေးနွေးမည်ဟုလည်း အာဆီယံအသင်း၏ လက်ရှိဥက္ကဌဟွန်ဆန်က ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၇ ရက်နေ့ တွေ့ဆုံမှုနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ်သက်တမ်း နောက်ထပ်လေးနှစ် ချမှတ်ခံခဲ့ရသလို မြန်မာစစ်တပ်သည်လည်း စစ်ဆင်ရေးများတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဟွန်ဆန်က ပြောသည်။
အာဆီယံနိုင်ငံများက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသော ဘုံသဘောတူညီချက်ငါးရပ်အား အကောင်အထည်ဖော်ရာ၌ တိုးတက်မှုများ ရှိသည်ဆိုပါက အာဆီယံထိပ်သီးညီလာခံသို့ တက်ရောက်နိုင်ကြောင်း ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖိတ်ကြားခဲ့သည်ဟု ဟွန်ဆန်၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ ဖော်ပြထားသည်။
“မဟုတ်ရင်တော့ သူ့အနေနဲ့ အာဆီယံအစည်းအဝေးတွေကို နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ရပါလိမ့်မယ်” ဟုလည်း ဖော်ပြထားသည်။
အာဆီယံဥက္ကဌသစ် ကမ္ဘောဒီးယားသည် မြန်မာစစ်အုပ်စုကို ဖယ်မထုတ်ဘဲ ချိတ်ဆက်ဆောင်ရွက်လိုသည့် ဆန္ဒကို ပြသလျှက်ရှိသည်။
သို့သော်လည်း မလေးရှား၊ အင်ဒိုနီးရှားနှင့် စင်္ကာပူအပါအဝင် အာဆီယံခေါင်းဆောင် အများအပြားကမူ ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က ထောက်ခံထားသည့် ဘုံသဘောတူညီချက် ငါးရပ်ကို မျက်ကွယ်မပြုရန် ဟွန်ဆန်အား ဖိအားပေးလျှက်ရှိသည်။
မြန်မာနိုင်ငံသို့ ဟွန်ဆန် အလည်အပတ်သွားရောက်မှုသည် ဒီမိုကရေစီအင်အားစုများကို သွေးထွက်သံယိုနှိမ်နင်းခဲ့သည့် မြန်မာစစ်တပ်ခေါင်းဆောင်များအား အာဆီယံအဖွဲ့က အသိအမှတ်ပြုသကဲ့သို့ ဖြစ်သွားမည်ကို အာဆီယံအဖွဲ့အတွင်း စိုးရိမ်မှုများ ရှိနေကြသည်။
ဟွန်ဆန်နှင့် မြန်မာစစ်တပ်ခေါင်းဆောင် တွေ့ဆုံမှုအပေါ် စိုးရိမ်ပူပန်မှု ပြခဲ့သော မလေးရှား နိုင်ငံခြားရေးဝန်ကြီးအား ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ပြီးခဲ့သောသီတင်းပတ်က အထက်စီးဆန်သည်ဟု သုံးနှုန်းပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရ ဖြုတ်ချခံရမှုသည် ယုံကြည်မှုနှင့် တန်းတူရည်တူ ပူးပေါင်းဆောင်ရွက်နိုင်မှုကို ပြန်သရန်ကြိုးစားနေသည့် အာဆီယံအဖွဲ့ကြီးအား အကြီးအကျယ် နောက်ပြန်ဆုတ်သွားစေသည့် လုပ်ရပ်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။