- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
စစ်တွေတွင် KTV နှစ်ခုမှ ပိုင်ရှင်နှင့် ဝန်ထမ်း ၆၀ ကျော် အမှုဖွင့်ခံရ
အမှုဖွင့် ခံထားရသူများမှာ White House KTV မှ ပိုင်ရှင်၊ မန်နေဂျာအပါအဝင် ဝန်ထမ်းစုစုပေါင်း ၄၉ ဦးနှင့် Sweet Dream KTV မှ ပိုင်ရှင်၊ မန်နေဂျာအပါအဝင် ဝန်ထမ်းစုစုပေါင်း ၁၅ ဦးတို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
05 Aug 2023
DMG ၊ ဩဂုတ် ၅
ရခိုင်ပြည်၊ စစ်တွေမြို့ အနောက်စံပြရပ်ကွက်ရှိ အိမ်ဖြူတော် (White House) နှင့် မင်းဂံရပ်ကွက်ရှိ Sweet Dream KTV တို့မှ ပိုင်ရှင်များနှင့် ဝန်ထမ်းများ စုစုပေါင်း ၆၄ ဦးတို့ကို ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ - ၃၂ ဖြင့် မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း KTV နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
အမှုဖွင့် ခံထားရသူများမှာ White House KTV မှ ပိုင်ရှင်၊ မန်နေဂျာအပါအဝင် ဝန်ထမ်းစုစုပေါင်း ၄၉ ဦးနှင့် Sweet Dream KTV မှ ပိုင်ရှင်၊ မန်နေဂျာအပါအဝင် ဝန်ထမ်းစုစုပေါင်း ၁၅ ဦးတို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“KTV နှစ်ခုလုံးကို အဲဒီပုဒ်မတစ်ခုတည်းနဲ့ အမှုဖွင့်လိုက်တာ။ တစ်နေ့တည်းမှာ KTV နှစ်ခုလုံးကို ဝင်ဖမ်းတာ။ ဝင်ဖမ်းတဲ့နေ့က အိမ်ဖြူတော်ဘက်က လူအယောက် ခြောက်ဆယ်လောက်ပါသွားတယ်။ ပြီးတော့ နောက်နေ့ မနက်မှာပဲ အဲဒီအထဲက ဧည့်သည်တွေကို ပြန်လွှတ်လိုက်ပြီး ကျန်တဲ့ဝန်ထမ်းတွေကို အမှုဖွင့်လိုက်တာ” ဟု KTV နှင့်နီးစပ်သည့် အမျိုးသားတစ်ဦးကပြောသည်။
KTV နှစ်ခုကို ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့၊ ညဉ့် ၁၂ နာရီကျော်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့က ကား ၈ စီးဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မန်နေဂျာနှင့် ဝန်ထမ်းများကို စစ်တွေမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။
ဖမ်းဆီးထားသူများကို ဇူလိုင်လ ၃၁ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီးနောက် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ-၃၂ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် စစ်တွေမြို့မရဲစခန်းမှ တာဝန်ရှိသူများကို DMG မှ ဆက်သွယ်နေဆဲဖြစ်သည်။
ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ - ၃၂ မှာ ထောင်ဒဏ် (၃)နှစ်ဖြစ်စေ၊ ငွေဒဏ် ၁၀၀,၀၀၀ ကျပ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
White House KTV သို့ သွားလေ့ရှိသည့် အမျိုးသားတစ်ဦးက “အိမ်ဖြူတော်က အခုလည်း ဖွင့်နေသေးတယ်။ ကျနော်တို့မှာ အသိမိတ်ဆွေတွေနဲ့ အဲဒီကိုသွားရင် ရဲက ထပ်ပြီးတော့ဝင်စီးလို့ ပါသွားမှာလည်း ကြောက်နေရသေးတယ်” ဟု ပြောသည်။
တစ်နိုင်ငံလုံးရှိ စားသောက်ဆိုင်များ၊ KTV များ၊ Bar များ၊ စင်တင်တေးဂီတများ၊ နိုက်ကလပ်များနှင့် အနှိပ်ခန်းများကို ခွင့်ပြုလုပ်ငန်းလိုင်စင်များ အတိုင်းသာ ဖွင့်လှစ်ရန်နှင့် ခွင့်ပြုမိန့်မရဘဲ လုပ်နေသူများအား ပိတ်သိမ်းကြရန် စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။
ယင်းနောက် စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသည့် KTV များကို ဖမ်းဆီးအရေးယူခြင်းများကို ရန်ကုန်မြို့၊ မန္တလေး၊ မော်လမြိုင် စသည့်မြို့များတွင် စစ်ဆေးမှုများ လုပ်ဆောင်လာသည်ကို တွေ့ရသည်။
#R005