- ဂွမြို့ကို အလုံးစုံ သိမ်းပိုက်ကြောင်း AA အတည်ပြု
- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
မြောက်ဦးတွင် သက်ကြီးပိုင်းတစ်ဦး သတိလစ်သေဆုံး၊ အပူချိန်မြင့်တက်မှုကြောင့် ဖြစ်နိုင်သည်ဟု မိသားစုဝင်များယူဆ
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ပုရိန်ကုန်းကျေးရွာမှ သက်ကြီးပိုင်း အမျိုးသားတစ်ဦးမှာ ယနေ့ နံနက် ၉ နာရီကျော်အချိန်ခန့်က မြောက်ဦးမြို့မဈေးတွင် သတိလစ်ကာ သေဆုံးသွားခဲ့သည်။
22 Apr 2023
DMG ၊ ဧပြီ ၂၂
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ပုရိန်ကုန်းကျေးရွာမှ သက်ကြီးပိုင်း အမျိုးသားတစ်ဦးမှာ ယနေ့ နံနက် ၉ နာရီကျော်အချိန်ခန့်က မြောက်ဦးမြို့မဈေးတွင် သတိလစ်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အသက် (၆၀) အရွယ် ဦးစောသာထွန်းမှာ ပုရိန်ကုန်းရွာမှလာပြီး မြောက်ဦးဈေး အဝင်ဝ၌ ဆိုင်ကယ်ပေါ်မှ ဆင်းချိန်တွင် ရုတ်တရက် သတိလစ်သွားကာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
“အပူချိန် ပြင်းအားကြီးတော့ ချက်ချင်းဆိုသလိုပါပဲ။ ဆိုင်ကယ်ကဆင်းပြီး နေရိပ်ကိုဝင်တဲ့အချိန် ချက်ချင်း ရှော့ခ်ဖြစ်ပြီး သတိလစ်သွားတာ။ အဲဒီမှာ လူတွေက လေရအောင် ယပ်ခပ်ပေးကြပေမယ့် အသက်မရှူတော့ဘူး” ဟု မိသားစုဝင် ဒေါ်မေသန်းက DMG ကို ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို မြောက်ဦးဆေးရုံသို့ ပို့ဆောင်ခဲ့ကြရာ အပူချိန်မြင့်တက်မှုကြောင့် သေဆုံးခြင်းဖြစ်နိုင်သည်ဟု ကျန်းမာရေးဝန်ထမ်းများက မှတ်ချက်ပေးကြောင်း မိသားစုဝင်များက ဆိုသည်။
သို့သော်လည်း အဓိက သေဆုံးရသည့်အကြောင်းအရင်းကို ခွဲစိပ်စစ်ဆေးမှသာ သေချာသိနိုင်မည်ဖြစ်၍ မိသားစုဝင်များက ခွဲစပ်စစ်ဆေးမှု မလုပ်လိုတော့သည့်အတွက် ရုပ်အလောင်းကို ပုရိန်ကုန်းရွာသို့ ယူဆောင်လာခဲ့ကြောင်း ဒေါ်မေသန်းက ဆက်ပြောသည်။
“အပူချိန်ပြင်းလို့ သေဆုံးတာဆိုပေမယ့် ဦးနှောက်သွေးကြော ပြတ်တာလား။ ရှော့ခ်ဖြစ်သွားတာလား။ နှလုံးခုန်ရပ်သွားတာလား ဆိုတာကိုကျတော့ ခွဲစိပ်မှသိရမှာဆိုတော့ ရုပ်အလောင်းမပျက်ချင်တာနဲ့ ကျမတို့လည်း သူတို့ဆီ (ဆရာဝန်နှင့်ရဲ) ခွင့်တောင်းပြီး အလောင်းကို ရွာကိုပြန်ပြီး သယ်ယူခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်တွင် ယခင်က နွေရာသီအမြင့်ဆုံး ပျဉ်းမျှအပူချိန်မှာ ၃၄ ဒီဂရီစင်တီဂရိတ် သာရှိခဲ့သော်လည်း ယခုနှစ်တွင် အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထိ ရောက်ရှိနေပြီး လာမည့်ကာလတွင်လည်း အပူချိန် ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးလှထွန်းက DMG ကို ပြောဆိုထားသည်။
ယနေ့ မြောက်ဦးမြို့ အပူချိန်မှာ ၃၆ ဒီဂရီစင်တီဂရိတ် ရှိပြီး၊ ကျောက်တော်မြို့တွင် ၃၈၊ စစ်တွေမြို့တွင် ၃၆ အသီးသီးရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ အပူချိန်မြင့်တက်မှုကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါရှိသူများနှင့် အဝလွန်သူများမှာ ရာသီဥတု ပူပြင်းမှုဒဏ်ကို ပိုမိုခံစားရနိုင်သည့်အတွက် အထူးဂရုစိုက်နေထိုင်သင့်ကြောင်း ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
#I008