- လူမှုကွန်ယက်တွင် စစ်ကောင်စီကို ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁,၇၀၀ ခန့်ရှိလာ
- သမ္မတလောင်းထရမ့် ဖလော်ရီဒါမှာ ဂေါက်ရိုက်နေတုန်း သေနတ်ဖြင့် ထပ်ပစ်ခံရ
- အကြမ်းဖက်မှုများ အဆုံးသတ်ပေးဖို့ စစ်ကောင်စီကို အမေရိကန် တောင်းဆို
- ရခိုင်ဒေသတွင် ခိုးဆိုးလုယက်မှု များပြားလာနေ
- ဆွီဒင်ရောက် ရွှေ့ပြောင်းများ ကိုယ့်နိုင်ငံ ပြန်မည်ဆိုလျှင် ဒေါ်လာ ၃၄,၀၀၀ ထောက်ပံ့မည်
မောင်တော တမန်းသားစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ခန့် AA ထံ လက်နက်ချ
ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ တမန်းသားရဲကင်းစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် မတ်လ ၂၅ ရက်တွင် ရက္ခိုင့်တပ်တော်(AA) ထံ လက်နက်ချအညံ့ခံလာကြောင်း AA က ထုတ်ပြန်သည်။
27 Mar 2024
AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို အလူးအလဲခံရပြီးနောက် တမန်းသားရဲကင်းစခန်းမှ အင်အား (၁၀၀) ခန့် ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် AA ထံ လက်နက်ချခဲ့ခြင်းသည်။ အဆိုပါစခန်းမှ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်သည်။
တမန်းသားစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို လိုက်လံချေမှုန်းရာ ရန်သူ့အလောင်း (၂၀) ကျော်နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း AA က မတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
တိုက်ပွဲကာလ ၄ လကျော်အတွင်း ရခိုင်နှင့် ပလက်ဝဒေသတွင် လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်သားနှင့် တပ်မိသားစုဝင် စုစုပေါင်းထောင်ချီ၍ရှိနေပြီး လက်နက်ချအညံ့ခံသူများကို နိုင်ငံတကာ စစ်သုံးပန်းဉပဒေနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း AA က ဆိုသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများမှာ လေးလကျော်အထိ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်ကာ သိမ်းပိုက်လျက်ရှိသည်။
လက်ရှိတိုက်ပွဲအတွင်း ရခိုင်ပြည်က ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ရယူထားသည်။