- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသည့် မြဝတီဒေသခံ ၅,၀၀၀ ခန့် အကူအညီလိုအပ်နေ
ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲကနယ်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် ဒေသခံ ၅,၀၀၀ ခန့်မှာ အကူအညီများ လိုအပ်နေသည်။
05 Apr 2023
DMG ၊ ဧပြီ ၅
ကရင်ပြည်နယ်၊ မြဝတီမြို့၊ မဲကနယ်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် ဒေသခံ ၅,၀၀၀ ခန့်မှာ အကူအညီများလိုအပ်နေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
“နွေရာသီပိုင်းဆိုတော့ အဝတ်အထည်ကတော့ အဲလောက်ထိမလိုဘူး။ အစားအသောက်က အဓိကလိုအပ်နေတယ်” ဟု သင်္ဃန်းညီနောင် လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး ဧပြီလ ၃ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် မြဝတီမြို့၊ မဲကနယ်ဒေသအတွင်းရှိ ဖားချောင်း၊ ရွှေမြစန္ဒီမြို့သစ်၊ ညီနောင်ရွာသစ် တုံးတံတား စသည့်ကျေးရွာတို့မှ ဒေသခံများမှာ ဘေးလွတ်ရာတောတောင်နှင့် နီးစပ်ရာလုံခြုံမည့်နေရာများတွင် တိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။
မြဝတီမြို့၊ တုံးတံတားကျေးရွာမှ ဒေသခံတစ်ဦးက “လက်နက်ကြီးပစ်သံ ဆက်တိုက်ကြားနေရတော့ မနေရဲတော့ဘူး။ ကျည်လွတ်ရာကို ထွက်ပြေးနေကြရပါတယ်” ဟု ပြောသည်။
ယမန်နေ့ ဧပြီလ ၄ ရက်နေ့က မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာ အာရှလမ်းမကြီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် လမ်းမကြီးတစ်လျှောက် ယာဉ်များဖြတ်သန်းသွားခွင့် ယာယီပိတ်ထားခဲ့သည်။
ယနေ့ မတ်လ ၅ ရက်နေ့နံနက်ပိုင်းတွင် ယာဉ်များ ပြန်လည်ဖြတ်သန်း သွားလာနေကြပြီး တိုက်ပွဲဖြစ်ပွားရာ မြဝတီမြို့အနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီက လုံခြုရေးတိုးမြှင့်ချထားကြောင်း ဒေသခံများထံမှ သိရသည်။
#F002