တိုက်ပွဲများကြောင့် ဒီးမော့ဆို ဒေသခံ ၁၅,၀၀၀ ခန့် ထွက်ပြေးနေရ

Admin 13 Mar 2023

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆို မြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၁ ရက်မှစပြီး ယမန်နေ့အထိ တိုက်ပွဲပြင်းထန်သည့် အတွက် ဒေသခံ ၁၅,၀၀၀ ခန့် ထွက်ပြေးနေရသည်။

ဘူးသီးတောင်မှ စစ်ဘေးရှောင်များကို စစ်ကောင်စီ နေရပ်ပြန်ခိုင်း၊ လုံခြုံရေးအာမခံချက်ပေးမှ နေရပ်ပြန်မည်ဟု စစ်ဘေးရှောင်များ တင်ပြ 

Admin 13 Mar 2023

နေရပ်ပြန်ဖို့အတွက် စစ်ကောင်စီအနေဖြင့် မိုင်းရှင်းလင်းပေးရန်၊ ကျေးရွာအနီး တပ်စခန်းများကို ရုပ်သိမ်းပေးရန်နှင့် လုပ်ကိုင်စားသောက်ဖို့ ထောက်ပံ့မှုများပေးရန် တင်ပြတောင်းဆိုခဲ့ကြောင်း စစ်ဘေးရှောင်များက ဆိုသည်။ 

ကျောက်တော်က စစ်ဘေးရှောင်တစ်ဦးနှင့် ဒေသခံတစ်ဦးတို့အမှု အမြန်ဆုံးတရားစီရင်ပေးရန် မိသားစုဝင်များတောင်းဆို

Admin 13 Mar 2023

ဦးကျော်ဟိန်းနှင့်် ဦးမောင်စောသာတို့ အမှုရင်ဆိုင်နေရသည်မှာ ၅ လထိကြာမြင့်လာပြီ ဖြစ်သော်လည်း တရားလိုဖက်မှ တရားရုံးသို့ ပထမဆုံး ရုံးချိန်းတစ်ကြိမ်သာ လာရောက်သေးကြောင်း သိရသည်။

နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဆက်သွယ်ရေးဥပဒေပုဒ်မနှင့် ထပ်တိုးအမှုဖွင့်ခံရ

Admin 12 Mar 2023

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း သတင်းဖော်ပြမှုတစ်ခုကြောင့် နိရဉ္စရာသတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ ရာဇသတ်ကြီးပုဒ်မ- ၅ဝ၅(က)တို့နှင့် စစ်ကောင်စီက အမှုဖွင့် တရားစွဲဆိုထားသည်။

ကိုးကန့်ဒေသကို MNDAA လက်ထဲသို့ အလုံးစုံပြန်ရသည်အထိ လက်တွဲသွားမည်ဟု AA ၊ TNLA ပြော

Admin 11 Mar 2023

ကိုးကန့်ဒေသကို မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) လက်ထဲသို့ အလုံးစုံ ပြန်လည်ရရှိနိုင်သည်အထိ လက်တွဲသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်နှစ်ဖွဲ့ဖြစ်သည့် AA ၊ TNLA အဖွဲ့တို့က ပြောကြားလိုက်သည်။ 

စစ်တွေတွင် ရေရှားပါးမှုမဖြစ်ရေး မြေအောက်ရေသုံးစွဲနိုင်အောင် ပညာရှင်များဖြင့် ဆောင်ရွက်နေ

Admin 11 Mar 2023

စစ်တွေမြို့တွင် နွေရာသီကာလအတွင်း ရေရှားပါးမှုပြဿနာကို နှစ်စဉ်ကြုံတွေ့နေရသောကြောင့် မြို့ပြနေလူထု အဆင်ပြေစေရေးအတွက် မြေအောက်ရေထုတ်ယူသုံးစွဲနိုင်အောင် ပညာရှင်များဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။ 

အကျဉ်းသားများကို ထောင်ဝင်စာ တွေ့ခွင့်ရရန် ICRC နှင့် စစ်ကောင်စီတို့ ဆွေးနွေး

Admin 11 Mar 2023

ထောင်တွင်း အကျဉ်းကျခံနေရသူများနှင့် မိသားစုဝင်များ တွေ့ဆုံခွင့်ရရှိရေးကိစ္စများကို စစ်ကောင်စီ ခေါင်းဆောင်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သည်။

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို တရုတ်စိတ်ဝင်စားနေ

Admin 11 Mar 2023

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးသည် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲအခြေအနေများကို မေးမြန်းခဲ့ကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

အိန္ဒိယနိုင်ငံတွင်ခိုလှုံပြီး မိမိအစီအစဉ်ဖြင့် နေရပ်ပြန်လာသည့် ပလက်ဝမှစစ်ဘေးရှောင် ၅၀၀ ခန့် လုပ်ကိုင်စားသောက်ရေး အခက်အခဲဖြစ်နေ

Admin 10 Mar 2023

ယာယီနေထိုင်သည့်နေရာတွင် အထောက်အပံ့မရရှိခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း၊ သားသမီးပညာရေးအခက်အခဲ တို့ကြောင့် ပလက်ဝဒေသခံများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းကစ၍ မိမိအစီအစဉ်ဖြင့် နေရပ်ပြန်လာကြသည်။ 

ရခိုင်မှ သံပခြုပ်ကောင်များကို ပြည်မဘက်က ဈေးကောင်းပေး၍ ဝယ်ယူနေ

Admin 10 Mar 2023

သံပခြုပ်ကောင်များကို အရွယ်အစားအလိုက် တစ်ကောင်လျှင် မြန်မာငွေကျပ် သုံးထောင်၊ ငါးထောင်၊ တစ်သောင်း စသဖြင့် အမျိုးမျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

မွတ်ဆလင် လက်ခံရေးအတွက် စစ်ကောင်စီ ပြင်ဆင်ထားမှုကို တရုတ်ချီးကျူး

Admin 10 Mar 2023

မတ်လ ၈ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်နှင့်အဖွဲ့သည် မောင်တောမြောက်ပိုင်းရှိ ငါးခူရ၊ လှဖိုးခေါင် စခန်းသို့ သွားရောက်ကာ မွတ်ဆလင်များ ပြန်လည်လက်ခံရေး ပြင်ဆင်မှုလုပ်ငန်းများကို သွားရောက် လေ့လာ ကြည့်ရှုခဲ့ကြသည်။

ရခိုင်က သမိုင်းဝင်ဘုရားပုထိုးများတွင် နှစ်ကြာရှည်တပ်စွဲနေသည့် စစ်ကောင်စီတပ်စခန်းများကို ရုတ်သိမ်းပေးရန် ဒေသခံများလိုလားနေ 

Admin 10 Mar 2023

ယခုနှစ်သင်္ကြန်ကာလတွင် လွတ်လပ်စွာ ဘုရားဖူးမြော်ခွင့်ရရှိရန်နှင့် ဥပုလ်သီလဆောက်တည်ခွင့် ရရှိရေးကို ဒေသခံများ လိုလားနေကြခြင်းဖြစ်သည်။ 

ကျောက်ဖြူဒေသခံ ၂၃ ဦး ဖမ်းဆီးခံထားရမှု လူ့အခွင့်အရေးကော်မရှင်ထံ တင်ပြထား 

Admin 10 Mar 2023

“ကျမတို့မှာ လင်မယားနှစ်ယောက်တည်း ရှိတာ။ သူဖမ်းဆီးခံရတုန်းက ကျမမှာ ကိုယ်ဝန် ၆ လရှိတယ်။ စိတ်ဆင်းရဲမှုဒဏ်တွေကြောင့် ကိုယ်ဝန်လည်း ပျက်ကျသွားခဲ့ရတယ်"

စစ်ကောင်စီ၏ မွတ်ဆလင်လက်ခံရေးပြင်ဆင်နေမှု နိုင်ငံခြားသံတမန်အဖွဲ့ သွားရောက်ကြည့်ရှု

Admin 09 Mar 2023

စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်ကို ပထမအဖြတ်အဖြစ်  ပြန်လည်လက်ခံရန် စီစဉ်ထားကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

မောင်တောခရိုင်တွင် စစ်ဆေးရေးတင်းကြပ်မှုကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှု နှောင့်နှေးနေ

Admin 09 Mar 2023

စစ်ကောင်စီက ကုန်ပစ္စည်းများကို ကန့်သတ်ချက်ဖြင့်သာ သယ်ယူခွင့်ပြုထားသည့်အတွက် မောင်တောခရိုင်က ပြည်သူများမှာ ကုန်ဈေးနှုန်းမြင့်တက်မှုအပြင် ရိက္ခာပြတ်လပ်မှုကိုပါ ရင်ဆိုင်နေရသည်။

ရခိုင်ကရေထွက်ကုန်များကို အခြောက်ပြုလုပ်ရာတွင် ဓာတုဆေးဝါးသုံးစွဲမှု များပြားလာ

Admin 09 Mar 2023

စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိကလုပ်ကိုင်သော ရခိုင်ပြည်တွင် ရေထွက်ပစ္စည်းများဖြစ်သော ငါး၊ ပုစွန်များကို အခြောက်လှန်းရာ၌ ဓာတုဆေးအသုံးပြုမှု များပြားလာနေသည်။ 

ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် ပျက်ကွက်သူ ၂,၃၀၀ ကျော်ရှိ

Admin 08 Mar 2023

ရခိုင်ပြည်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉,၂၉၀ ဦး ရှိသည့်အထဲမှ စာမေးပွဲပထမနေ့တွင် ဖြေဆိုရန်ပျက်ကွက်သူ ၂,၃၆၂ ဦးရှိသည်။ 

တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလ စစ်တွေမြို့ပေါ်က ရပ်ကွက်အချို့တွင် လျှပ်စစ်မီးပြတ်တောက်

Admin 08 Mar 2023

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်အတွင်းက မြို့ပေါ်နေရာများတွင် စာစစ်ဌာန ၆၀ ဖွင့်လှစ်ကာ စစ်ဆေးနေခြင်းဖြစ်သည်။

မအီမြို့မှ စီးပွားရေးလုပ်ငန်းရှင် ၅ ဦးကို AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးရန် ဝရမ်းထုတ်

Admin 08 Mar 2023

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ကာ ဖမ်းဝရမ်းထုတ်ခံထားရသည့် ၎င်းတို့ ၅ ဦးမှာ လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

နွေဦးတော်လှန်ရေးကာလအတွင်း အမျိုးသမီး ၅၀၀ နီးပါးသေဆုံးပြီး ၃,၀၀၀ ကျော် ဖမ်းဆီးခံထားရ

Admin 08 Mar 2023

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ အမျိုးသမီး ၄၈၃ ဦး သေဆုံးခဲ့ကြောင်း ယနေ့ မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် ထုတ်ပြန်လိုက်သည်။ 

Showing 1,841-1,860 of 8,312 items.