- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကယားပြည်နယ်တွင် အငတ်ဘေး ကြုံရနိုင်ခြေရှိနေကြောင်း ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ် သတိပေး
ကယားပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ သိန်းကျော် ရှိနေပြီး လူ့အသက် အများအပြား ဆုံးရှုံးနိုင်ခြေ ရှိနေကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ် မစ္စတာသောမက်စ်အင်ဒရူးက ဇွန်လ ၉ ရက်နေ့တွင် သတိပေးလိုက်သည်။
09 Jun 2021
DMG ၊ ဇွန် ၉
ကယားပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ သိန်းကျော် ရှိနေပြီး လူ့အသက် အများအပြား ဆုံးရှုံးနိုင်ခြေ ရှိနေကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ် မစ္စတာသောမက်စ်အင်ဒရူးက ဇွန်လ ၉ ရက်နေ့တွင် သတိပေးလိုက်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အရပ်သားအစိုးရအား ဖြတ်ချကာ အာဏာရယူခဲ့သော မြန်မာစစ်တပ်သည် နိုင်ငံ၏ နေရာအနှံ့အပြားတွင် စစ်မျက်နှာများ ရင်ဆိုင်နေရသလို ဆန္ဒပြမှုများလည်း နေ့စဉ်နှင့်အမျှ ရှိနေသည်။
ကယားပြည်နယ်သည် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေပြီး ကိုယ်ထူကိုယ်ထ ဖွဲ့စည်းထားသည့် PDF တပ်ဖွဲ့များသည် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် မြန်မာစစ်တပ်နှင့် နေရာအနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ မြန်မာစစ်တပ်၏ လက်နက်ကြီးများနှင့် လေကြောင်း တုံ့ပြန်မှုများကြောင့် ဒေသခံအများအပြားသည် အနီးအနားရှိ တောအုပ်များတွင် တိမ်းရှောင်နေရသည်။
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်ပြီး သိမ်းကြုံးတိုက်ခိုက်သည့် လုပ်ရပ်များကြောင့် ကယားပြည်နယ်တွင် အမျိုးသား အမျိုးသမီးနှင့် ကလေးများအပါအဝင် လူထောင်ပေါင်းများစွာ၏ အသက်များ ခြိမ်းခြောက်ခံနေရကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာသောမက်စ်အင်ဒရူးက ကြေညာချက်ထုတ်ပြန် ပြောကြားသည်။
“ကျွန်တော် ရှင်းရှင်းပဲပြောပါမယ်။ ကယားပြည်နယ်အရေးကို ချက်ချင်း မဖြေရှင်းနိုင်ရင် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း လုံးဝမကြုံဖူးသေးတဲ့ အစာရေစာ ပြတ်လပ်မှု၊ ရောဂါနဲ့ ရာသီဥတုဒဏ်ကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးရဖွယ် ရှိလာနိုင်ပါတယ်” ဟု သူကပြောသည်။
ဒီမောဆိုးမြို့ အရှေ့ဘက်တွင် ဆန်ပြုတ်စားပြီး အသက်ဆက်နေရသူများ ရှိနေပြီး မိမိတို့ဘက်က ဆန်အိတ်များ ပို့ပေးရန် အခက်အခဲရှိနေကြောင်း အမည်မဖော်လိုသူတစ်ဦးက ရိုက်တာသတင်းဌာနသို့ ဖြေကြားသည်။ ပြီးခဲ့သော နှစ်ပတ်အတွင်း စားနပ်ရိက္ခာ ပို့ဆောင်ရန်ကြိုးပမ်းသူ သုံးဦးအထိ မြန်မာစစ်တပ်ထံတွင် ဖမ်းဆီးခံထားရကြောင်းလည်း သူက ပြောသည်။
နေရာအများအပြားတွင် လျှပ်စစ်မီးများ ပြတ်တောက်နေပြီး၊ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် လောင်စာဆီများလည်း အရေးပေါ် လိုအပ်နေသည်ဟု သူကပြောသည်။