အမေရိကန်နှင့် မဟာမိတ်များ ဖိလစ်ပိုင်တွင် စစ်ရေးလေ့ကျင့်မှု စတင်

လေ့ကျင့်မှုတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂,၀၀၀ ကျော်၊ ဖိလစ်ပိုင် စစ်သည်များနှင့် အမှုထမ်းများ ပါဝင်မည်ဖြစ်ပြီး ကုန်းရေနှစ်သွယ် ဆင်းသက်မှုတွင် ကျွန်းအခြေစိုက် စစ်ရေးလေ့ကျင့်မှု၊ မီးငြှိမ်းသတ်မှုနှင့် လူသားချင်းစာနာမှု အကူအညီများ ပါဝင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် မရိန်းတပ်ဖွဲ့က ပြောကြားခဲ့သည်။

By Admin 17 Oct 2024

ယခုနှစ် မေလ ၆ ရက်နေ့၌ အိုင်လိုကော့စ်နော်တီဒေသ လာအော့ဂျ်တွင် အမေရိကန်စစ်သားများက ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များနှင့် စစ်ရေးလေ့ကျင့်စဉ်။ (ဓာတ်ပုံ - Reuters)
ယခုနှစ် မေလ ၆ ရက်နေ့၌ အိုင်လိုကော့စ်နော်တီဒေသ လာအော့ဂျ်တွင် အမေရိကန်စစ်သားများက ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များနှင့် စစ်ရေးလေ့ကျင့်စဉ်။ (ဓာတ်ပုံ - Reuters)

DMG ၊ အောက်တိုဘာ ၁၇

ထိုင်ဝမ်၊ တောင်တရုတ်ပင်လယ်တို့နှင့် ချိတ်ဆက်နေသော ဖိလစ်ပိုင်နိုင်ငံ အပါအဝင် ဖိလစ်ပိုင်နိုင်ငံရှိ နေရာအနှံ့အပြားတွင် အမေရိကန်နှင့် ဖိလစ်ပိုင်တပ်များက အင်္ဂါနေ့တွင် ကြီးမားလှသည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို စတင်လိုက်ကြောင်း Reuters က ဖော်ပြထားသည်။

တိုင်ပေနှင့် အမေရိကန် အစိုးရတို့က ပြစ်တင်ရှုတ်ချခဲ့သော တရုတ်က ထိုင်ဝမ်ကို ဝိုင်းကာ စစ်ကစားမှု ပြုလုပ်လိုက်သည့်ဖြစ်စဉ် အပြီးတွင် ယခုစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယခုစစ်ရေးလေ့ကျင့်မှုမှာ အောက်တိုဘာလ ၂၅ ရက်အထိ အချိန်ကြာမြင့်မည်ဖြစ်သည်။

လေ့ကျင့်မှုတွင် အမေရိကန် တပ်ဖွဲ့ဝင် ၂,၀၀၀ ကျော်၊ ဖိလစ်ပိုင် စစ်သည်များနှင့် အမှုထမ်းများ ပါဝင်မည်ဖြစ်ပြီး ကုန်းရေနှစ်သွယ် ဆင်းသက်မှုတွင် ကျွန်းအခြေစိုက် စစ်ရေးလေ့ကျင့်မှု၊ မီးငြှိမ်းသတ်မှုနှင့် လူသားချင်းစာနာမှု အကူအညီများ ပါဝင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် မရိန်းတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၊ ဝါရှင်တန်နှင့် လူဇွန်မြောက်ပိုင်း ကမ်းရိုးတန်းရှိ အခြားနိုင်ငံ ၄ နိုင်ငံတို့အကြား ရေတပ် လေ့ကျင့်ရေး လုပ်ငန်းစဉ်များကို ပူးတွဲပြုလုပ်နေပြီး ယင်းလေ့ကျင့်မှုတွင် အမေရိကန်၏ မဟာမိတ် သြစတြေးလျ၊ ဗြိတိန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က ပူးပေါင်းလေ့ကျင့်လျက်ရှိသည်။

ယခုလေ့ကျင့်မှုကို ကာမန်ဒတ် ဟု အမည်ပေးထားပြီး တာဂါလော့ဂ်ဘာသာစကားဖြင့် "အဏ္ဏဝါ စစ်သည်တော်များ ပူးပေါင်းမှု" ဟု အဓိပ္ပာယ်ရသည်။

"ကာမာဒတ်ဟာ ကာကွယ်ရေးသက်သက်ထက် ပိုပါတယ်။ ဒါက ယုံကြည်မှုတည်ဆောက်ရေး၊ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ အင်ဒို-ပစိဖိတ်ဒေသထဲမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်စေမယ့် မိတ်ဖက်အဖွဲ့အစည်းကို အားဖြည့်ပေးတာတွေနဲ့ ဆက်နွယ်နေပါတယ်" ဟု ဖိလစ်ပိုင် မရိန်းတပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အာတူရို ရိုဂျတ်စ်က စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။