- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
သြစတြေးလျ သတင်းစာ ၆၀ ပုံနှိပ်ထုတ်ဝေမှု ရပ်ဆိုင်းမည်
ရူးပတ်မားဒေါ့ (Rupert Murdoch) ပိုင် သြစတြေးတေးလျ ထိပ်တန်းမီဒီယာတစ်ခုဖြစ်သော News Corp သည် ဒေသတွင်း ပုံနှိပ်ထုတ်ဝေနေသည့် သတင်းစာ ၆၀ ဝန်းကျင်ခန့်ကို ထုတ်ဝေမှု ရပ်ဆိုင်းတော့မည်ဟု ဗုဒ္ဓဟူးနေ့(ဧပြီလ ၁ ရက်)က ကြေညာလိုက်သည်။
03 Apr 2020

ရူးပတ်မားဒေါ့ (Rupert Murdoch) ပိုင် သြစတြေးတေးလျ ထိပ်တန်းမီဒီယာတစ်ခုဖြစ်သော News Corp သည် ဒေသတွင်း ပုံနှိပ်ထုတ်ဝေနေသည့် သတင်းစာ ၆၀ ဝန်းကျင်ခန့်ကို ထုတ်ဝေမှု ရပ်ဆိုင်းတော့မည်ဟု ဗုဒ္ဓဟူးနေ့(ဧပြီလ ၁ ရက်)က ကြေညာလိုက်သည်။
နဂိုကတည်းက အခက်အခဲများ ကြုံနေရသည့် သတင်းစာလုပ်ငန်းများသည် COVID-19 ကြောင့် ကြော်ငြာကဏ္ဍထိုးကျလာမှုကို ထပ်မံရင်ဆိုင်ရပြီးနောက် ယခုကဲ့သို့ ကြေညာချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။
News Corp ကြေညာချက်အရ နယူးဆောက်သ်ဝေး၊ ဗစ်တိုးရီးယားနှင့် ကွင်းစ်လန်းအပါအဝင် သြစတြေးလျတောင်ပိုင်း ပြည်နယ်များတွင် ထုတ်ဝေနေသည့် သတင်းစာများ ပုံနှိပ်မှုရပ်ဆိုင်းပြီး အွန်လိုင်းသတင်းစာအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
“ဒီဆုံးဖြတ်ချက်ကို အလွယ်တကူ ချခဲ့တာတော့ မဟုတ်ဘူး” ဟု News Corp Australasia အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ မိုက်ကယ်မီလာ၏ ပြောကြားချက်အား မီဒီယာဂရု၏ သတင်းစာခေါင်းစီးပိုင်းတွင် ကိုးကားဖော်ပြထားသည်။
“ကိုရိုနာဗိုင်းရပ် အရေးပေါ်အခြေအနေကြောင့် ပွဲကျင်းပတဲ့ နေရာတွေနဲ့ စားသောက်ဆိုင်တွေကို အတင်းအကြပ်ပိတ်စေတာ၊ အိမ်ခြံမြေလေလံပွဲတွေနဲ့ အိမ် စုံစမ်းငှားရမ်းခြင်းတွေအတွက် ကန့်သတ်ချက်တွေ ချမှတ်လိုက်ပြီးနောက်ပိုင်း ကြော်ငြာဝင်ငွေ ရုတ်ခြည်းထိုးကျလာတာတွေကြောင့် အခုလို ရပ်ဆိုင်းဖို့ ဖြစ်လာတာပါ။” ဟု မိုက်ကယ်မီလာက ထပ်လောင်းပြောကြားသည်။
သြစတြေးလျတွင် သတင်းဌာနအများအပြားသည် ကိုရိုနာကပ်ရောဂါ မစတင်မီကပင် အွန်လိုင်းတင်ဆက်မှုဘက်သို့ ပြောင်းရန် အာရုံစိုက်နေခဲ့ကြပြီး ဖြစ်သည်။
ယခုကြေညာချက်ပြီးနောက် မီဒီယာပိတ်သိမ်းမှု ကြေညာချက်များ ဆက်တိုက်ဆိုသလို ထပ်မံထွက်ပေါ်လာပြီး ထိုအထဲတွင် ယခုနှစ်ကုန်နှောင်းပိုင်းတွင် အလုပ်ရပ်နားမည်ဖြစ်ကြောင်း ကြေညာခဲ့သည့် အမျိုးသားရုပ်သံ AAP သည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။
ဤအခြေအနေသည် ကမ္ဘာလုံးဆိုင်ရာ သတင်းဌာနများ၏ လက်ရှိကြုံနေရသော အခြေအနေကို ဖော်ပြနေသည်။
အမေရိကန်ပြည်ထောင်စု၏ အကြီးဆုံး သတင်းစာပုံနှိပ်ထုတ်ဝေသည့်လုပ်ငန်း Gannett ကလည်း ၎င်းတို့ အနေဖြင့် ဝန်ထမ်းများအား အချိန်ကာလသတ်မှတ်မထားဘဲ တာဝန်မှ ခေတ္တရပ်နားစေမှုများနှင့် လစာလျှော့ချမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့သည်။
သတင်းစာ ဖတ်ရှုနှုန်း ကျဆင်းလာခြင်း၊ ကြော်ငြာကဏ္ဍတွင် ဂူဂဲလ်နင့် ဖေ့ဘုတ်စ်တို့၏ အရေးပါမှု မြင့်တက်လာခြင်းတို့က သတင်းဌာနအဖွဲ့အစည်းများ၏ အမြတ်အစွန်းရရှိမှုကို ထိခိုက်စေလျက်ရှိသည်။