- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကိုရိုနာဗိုင်းရပ်စ်ကြောင့်ထိခိုက်သွားရသည့် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေး ဆယ်စုနှစ်နှစ်စုအတွင်း ပထမဆုံး အကြိမ်ကျဆင်းလာ
ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့် အင်ဒိုနီးရှားစီးပွားရေးသည် ယခုနှစ်ဒုတိယသုံးလပတ်အတွင်း ကျဆင်းလာရာ ဆယ်စုနှစ်နှစ်စုကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
07 Aug 2020
ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့် အင်ဒိုနီးရှားစီးပွားရေးသည် ယခုနှစ်ဒုတိယသုံးလပတ်အတွင်း ကျဆင်းလာရာ ဆယ်စုနှစ်နှစ်စုကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။
စီးပွားရေးပြန်လည်နာလန်ထူနိုင်ရေး မှာလည်း အရှေ့တောင်အာရှတွင် အားအနည်းဆုံးဖြစ်နိုင်သည်ဟုလည်း တင်ကြိုသတိပေးချက်များထွက်ပေါ်လျက်ရှိသည်။
လက်လီဖြန့်ဖြူးရောင်းချခြင်းနှင့် စက်မှုလုပ်ငန်းများတွင် အထိခိုက်ဆုံးဖြစ်လာသဖြင့် တွက်ချက်မှုများအရ ဒေသ တွင်းအကြီးဆုံးစီးပွားရေးဖြစ်သည့်အင်ဒိုနီးရှားနိုင်ငံတွင် ဧပြီလမှဇွန်လအတွင်း ကုန်ထုတ်လုပ်မှုပမာဏ ၅.၃ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ကြောင်း စာရင်းအင်းအဖွဲ့က ဗုဒ္ဓဟူးနေ့တွင်ပြောကြားလိုက်သည်။
၁၉၉၉ ခုနှစ် အာရှငွေကြေးအကြပ်အတည်းကာလ၏ ပထမသုံးလပတ်နှောင်းပိုင်းကတည်းက လက်ရှိကာလ တွင် အင်ဒိုနီးရှားစီးပွားရေးကျုံ့လာနေမှုအဖြစ် ပထမဆုံးမှတ်တမ်းဝင်သွားခြင်းဖြစ်ပြီး နိုင်ငံအတွက်မူ ထိုကာလ နှောင်းပိုင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းခဲ့ခြင်းဖြစ်သည်။
“ဒုတိယသုံးလပတ်တွင် စီးပွားရေးလုပ်ငန်းများ ပျက်ယွင်းလာခဲ့ပါပြီ” ဟု Capital House သုတေသနအဖွဲ့က အဆိုပါကိန်းဂဏန်းများ ကြေညာပြီးနောက်ပိုင်း မှတ်ချက်ပြုခဲ့သည်။
လူဦးရေ သန်း ၂၇၀ နီးပါးနေထိုင်သော အင်ဒိုနီးရှားကျွန်းစုတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၁၁၅,၀၀၀ နှင့် သေဆုံးသူ ၅,၃၀၀ ကျော်ဖြင့် ရောဂါကူးစက်မှုမြင့်တက်နေဆဲဖြစ်သော်လည်း စီးပွားရေးပြိုလဲမှုကာကွယ်ရန် ကြိုးပမ်းသည့်အနေဖြင့် သွားလာမှုကန့်သတ်ချက်များကို ဖြေလျှော့ခဲ့သည်။
ကမ္ဘာတွင် ရောဂါပိုးစစ်ဆေးမှုနှုန်း အနိမ့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် ပြည်သူ့ကျန်းမာရေး အကြပ်အတည်း၏ သရုပ်သကန်မှာ ပိုမိုပေါ်လွင်လာမည်ဖြစ်ကြောင်း ယူဆလျက်ရှိကြသည်။
ကမ္ဘာတစ်ဝန်းတွင် ဩဂုတ်လ ၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်မှုစုစုပေါင်း ၁၉ သန်းနီးပါးရှိပြီး သေဆုံး သူစုစုပေါင်း ၇ သိန်းကျော်ရှိနေပြီဖြစ်ကြောင်း Worldometer ဝဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက် များအရသိရသည်။