- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
ဘင်္ဂလားဒေ့ရှ်မှာ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးဖြင့် သေဆုံးသူ ၃၀၀ နီးပါးအထိ ရှိလာ
မြို့တော်ဒါကာရှိ ဆေးရုံများတွင် လူနာများပြည့်ကျပ်ပြီး နေရာမလောက်ဖြစ်နေကာ အများစုမှာ ပြင်းထန်အဖျားရောဂါနှင့်အတူ ကိုယ်လက်နာကြင် ကိုက်ခဲခြင်း၊ အန်ခြင်းတို့ ခံစားနေရသူ လူနာများ ဖြစ်ကြသည်။
05 Aug 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသူ အရေအတွက်သည် အနည်းဆုံး ၂၉၃ ဦး ရှိနေပြီဖြစ်ကာ ရောဂါကူးစက်ခံရသူ ၆၁၅၀၀ နီးပါး ရှိနေပြီဖြစ်ကြောင်း အာဏာပိုင်များ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
မြို့တော်ဒါကာရှိ ဆေးရုံများတွင် လူနာများပြည့်ကျပ်ပြီး နေရာမလောက်ဖြစ်နေကာ အများစုမှာ ပြင်းထန်အဖျားရောဂါနှင့်အတူ ကိုယ်လက်နာကြင် ကိုက်ခဲခြင်း၊ အန်ခြင်းတို့ ခံစားနေရသူ လူနာများ ဖြစ်ကြသည်။
“ဒီကိုရောက်တော့ ဆရာဝန်နဲ့ သူနာပြုတွေက ကုတင်နေရာ မရှိတော့ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီမှာ ဆက်နေရင် သူတို့က ကုပေးမှာပဲ။ ဒီတော့ ကျွန်တော့် အမေနဲ့ညီမအတွက် ကြမ်းပြင်မှာပဲ အိပ်ရာခင်းပြီး နေရာချလိုက်တော့တယ်” ဟု ဒါကာရှိ အစိုးရဆေးရုံတစ်ခု၌ ၎င်း၏မိသားစု ဆေးကုသမှု ခံယူနေသူ ရှာရစ်ဖူအစ္စလာမ်က ရိုက်တာသတင်းဌာနသို့ ဖြေကြားသည်။
လူဦးရေထူထပ်သည့် ဘင်္ဂလားဒေ့ရှ်တွင် ၂၀၀၀ ခုနှစ်မှ စတင်၍ နှစ်စဉ်ကောက်ယူခဲ့သည့် အချက်အလက်များအရ ယခုနှစ်သည် ဤရောဂါဖြင့် သေဆုံးမှုပမာဏ အများဆုံးနှစ်လည်း ဖြစ်သည်။
ခြင်မှတစ်ဆင့် ကူးစက်သော ရောဂါများကို တားဆီးကာကွယ်နိုင်ရေးအတွက် အစိုးရအနေဖြင့် အသိပေးနှိုးဆော်နေသလို မိုးရွာသွန်းမှုများနောက်ပိုင်း ပိုးလောက်လန်းများ ပေါက်ဖွားမှုကို တားဆီးနိုင်ရေးအတွက်လည်း ပညာပေးမှုများ ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီး ဇာဟစ်မိုလက်က ပြောကြားသည်။
ယခုနှစ်အတွင်း သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ဤရောဂါကူးစက်မှုများ ပိုမိုမြင့်တက်လာမည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။
ဘင်္ဂလားဒေ့ရှ်တွင် ၂၀၂၂ ခုနှစ်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၆၂၄၂၃ ဦးရှိပြီး သေဆုံးသူ ၂၈၁ ဦးရှိခဲ့သည်။ ယခုနှစ်အတွင်း သေဆုံးသူအရေအတွက်မှာ ၇ လခန့်ဖြင့် ကျော်လွန်သွားပြီဖြစ်သည်။
အေးဒီးစ်ခြင်မှတစ်ဆင့် ကူးစက်လေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါသည် တောင်အာရှဒေသတွင် မိုးရာသီကာလ ဇွန်လမှ စက်တင်ဘာလအတွင်း အဖြစ်များသည်။ သွေးလွန်တုပ်ကွေးအတွက် ကုသပေးသည့် သီးသန့်ဆေးဝါး မရှိပေ။ ရောဂါဖြစ်ပွားမှုကို ကြိုတင်သိရှိခြင်း၊ သင့်တော်ရာ ဆေးဝါးများ တိုက်ကျွေးကုသပေးခြင်းဖြင့် သေဆုံးမှုအန္တရာယ်ကို ၁ ရာခိုင်နှုန်းအောက်အထိ လျှော့ချနိုင်သည်။