- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ထင်ပေါ်ကျော်ကြားသူများ ဆောင်ရန်ရှိသည့် အခွန်များကို ၁၀ ရက်အတွင်း ပေးဆောင်ကြရန် တရုတ်အစိုးရ ပြော
တရုတ်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်များက ဖျော်ဖြေတင်ဆက်သူများနှင့် ဆိုရှယ်မီဒီယာ သြဇာလွှမ်းမိုးသူများအနေဖြင့် ရက်လွန်နေသည့်အခွန်များကို ၁၀ ရက်အတွင်း ပေးဆောင်ကြရန် အချိန်သတ်မှတ် ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ လုပ်ရပ်သည် အခွန်ရှောင်မှုများနှင့် ထင်ပေါ်ကျော်ကြားသူများ၏ ငွေကြေး အလွန်အကျွံသုံးစွဲမှုများ အပေါ် အထိန်းအကွပ်ရှိစေရန် အတွက် ပြုလုပ်သည့် အစိုးရ၏လှုပ်ရှားမှုတစ်ခု ဖြစ်သည်။
24 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၄
တရုတ်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်များက ဖျော်ဖြေတင်ဆက်သူများနှင့် ဆိုရှယ်မီဒီယာ သြဇာလွှမ်းမိုးသူများအနေဖြင့် ရက်လွန်နေသည့်အခွန်များကို ၁၀ ရက်အတွင်း ပေးဆောင်ကြရန် အချိန်သတ်မှတ် ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ လုပ်ရပ်သည် အခွန်ရှောင်မှုများနှင့် ထင်ပေါ်ကျော်ကြားသူများ၏ ငွေကြေး အလွန်အကျွံသုံးစွဲမှုများ အပေါ် အထိန်းအကွပ်ရှိစေရန် အတွက် ပြုလုပ်သည့် အစိုးရ၏လှုပ်ရှားမှုတစ်ခု ဖြစ်သည်။
တရုတ်အစိုးရသည် အခွန်ရှောင်မှုနှင့် ဖျော်ဖြေရေးကဏ္ဍအတွင်း အကျင့်စာရိတ္တပျက်ပြားမှု များအား ပြင်းထန်စွာ နှိမ်နှင်းခြင်းကို စတင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံ၏ ထိပ်သီးအနုပညာရှင် အချို့ကို တင်းကျပ်စွာ ပစ်မှတ်ထား ကိုင်တွယ်လျက်ရှိသည်။
ဘေကျင်း၊ ရှန်ဟိုင်း၊ ကွမ်တုန်းခရိုင်အတွင်းရှိ ပြည်နယ်များ၊ ကျဲ့ကျန်းနှင့် ကျန်းစူး အပါအဝင် နိုင်ငံ တစ်ဝန်းရှိ ဖျော်ဖြေရေးစင်တာများတွင်ရှိသော အခွန်ဌာနများက ဝင်ငွေဆိုင်ရာအချက်အလက်များ တင်သွင်းထားခြင်း မရှိသေးသော ထင်ပေါ်ကျော်ကြားသူများအား ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော အစိုးရ၏ သတိပေးစာအရ ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်တင်ပြခြင်း မရှိပါက ပြင်းထန်သော အပြစ်ပေးမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း သတိပေးထားသည်။
အဆိုပါ သတိပေးချက်သည် တရုတ်ပြည်၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုတွင် အကျော်ကြားဆုံးဖြစ်သည့် ဟွမ်ဝေအား အခွန်ရှောင်ခြင်းအတွက် ပေးဆောင်ရမည့် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၂၀၄ သန်းကို တနင်္လာနေ့တွင် ပေးဆောင်ရန် အတွက် အမိန့်ချခံရပြီး တစ်ရက်အကြာတွင် ဖော်လိုဝါ သန်း ၁၁၀ ကျော်ရှိသည့် သူမ၏ ဆိုရှယ်မီဒီယာအကောင့် ပိတ်ချခံရပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရေဒီယို၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဆိုင်ရာ နိုင်ငံတော်စီမံခန့်ခွဲရေးဌာနက အခွန်ရှောင်မှုနှင့် အနုပညာရှင်များ၏ အနုပညာကြေး အဆမတန် မြင့်မားမှုများ အပေါ်တွင် လုံးဝသည်းခံမည် မဟုတ်ကြောင်း ပြောကြားထားသည်။
အဆိုပါ တင်းကျပ်စွာ ကိုင်တွယ်မှုများသည် သမ္မတ ရှီကျင့်ဖျင်၏ ဘုံချမ်းသာကြွယ်ဝမှု လမ်းစဉ် စတင်ဖော်ဆောင်သည့် တစ်ချိန်တည်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ စီးပွားရေးဆိုင်ရာ မညီမျှမှုများကို လျော့ချရန် ရည်ရွယ်သည့် အဆိုပါ ဘုံကြွယ်ဝမှု ဆိုင်ရာ လမ်းစဉ်တွင် ဖျော်ဖြေရေးကဏ္ဍနှင့် နည်းပညာပိုင်းဆိုင်ရာကဏ္ဍ များ၏ ဝင်ငွေအဆမတန် များပြားမှုများကို ထိန်းချုပ်ခြင်းသည်လည်း တစ်စိတ်တစ်ပိုင်း အနေဖြင့်ပါဝင်သည်။