- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အိန္ဒိယနယ်စပ် လာဒါ့ခ်အနီးတွင် H-6 ဗုံးကြဲလေယာဉ်များ တရုတ်နေရာချထား
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က ထုတ်ပြန်လိုက်သော ဓာတ်ပုံအချက်အလက်များအရ တရုတ်သည် ၎င်း၏ အငြင်းပွားဖွယ် နယ်စပ်အနီးတွင် H-6 ဗုံးကြဲလေယာဉ်များ နေရာချထားကြောင်း သိရသည်ဟု Military Watch Magazine (MWM) ၏ လေ့လာချက်တွင် ဖော်ပြထားသည်။
16 Sep 2020
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က ထုတ်ပြန်လိုက်သော ဓာတ်ပုံအချက်အလက်များအရ တရုတ်သည် ၎င်း၏ အငြင်းပွားဖွယ် နယ်စပ်အနီးတွင် H-6 ဗုံးကြဲလေယာဉ်များ နေရာချထားကြောင်း သိရသည်ဟု Military Watch Magazine (MWM) ၏ လေ့လာချက်တွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံတစ်ဝန်းတွင် နေရာချထားသော H-6 ဗုံးကြဲလေယာဉ်စုစုပေါင်း အစီး ၂၇၀ ကျော်ရှိသည်။ အများစုမှာ တရုတ်အရှေ့ပိုင်း ကမ်းခြေဒေသတစ်ဝိုက်တွင် ရှိပြီး အဆိုပါလေယာဉ်အုပ်စုမှာ အမေရိကန်နှင့် ရုရှားတို့ထက် အရေအတွက် ပိုများကာ ပိုမိုသစ်လွင်သည်ဟု Asia Times သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
H-6 ဗုံးကြဲလေယာဉ်၏ ပစ်ခတ်နိုင်အားသည် အိန္ဒိယနှင့် အငြင်းပွားနေသည့် လာဒါ့ခ်ဒေသတွင် ထပ်မံပေါ်ပေါက်လာနိုင်သည့် ပဋိပက္ခများ၌ အသာစီးရစေနိုင်မည်ဟု MWM ၏ ဖော်ပြချက်အရ သိရသည်။
နှစ်ဘက်လုံး၏ လေတပ်စခန်းနည်းပါးသည့် အနေအထားကြောင့် ဝေးလံသောအကွာအဝေးအထိ ပစ်ခတ်နိုင်သည့် H-6 လေယာဉ်များ၏ ပစ်အားဖြင့်သည် အိန္ဒိယအခြေစိုက်စခန်းများကို ချေမှုန်းနိုင်မည်ဖြစ်သည်။
အခြားတစ်ဘက်တွင်လည်း အိန္ဒိယသည် ခေတ်မီဗုံးကြဲလေယာဉ် Tu-22M များအား ရုရှားထံမှ ဝယ်ယူမည့်သဘော ရှိနေသည်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနသည် ရုရှားထံမှ S-400 ဒုံးကျည်တင်ယာဉ်များလည်း မှာယူထားပြီး ၎င်းတို့ကို လာဒါ့ခ်ဒေသတွင် နေရာချထားမည်ဖြစ်သည်။