- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
တရုတ်မှာ ကိုဗစ်ထိန်းချုပ်ရေးအတွက် လူ ၁၃ သန်းခန့်ရှိတဲ့ ရှီအန်းမြို့ကြီးကို လော့ဒေါင်းချ
တရုတ်ပြည်အလယ်ပိုင်းက ပြည်သူ ၁၃ သန်းခန့် နေထိုင်တဲ့ ရှီအန်းမြို့ကြီးကို ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ လော့ဒေါင်းချလိုက်ပါတယ်။
23 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၃
တရုတ်ပြည်အလယ်ပိုင်းက ပြည်သူ ၁၃ သန်းခန့် နေထိုင်တဲ့ ရှီအန်းမြို့ကြီးကို ဒီနေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ လော့ဒေါင်းချလိုက်ပါတယ်။
ရှီအန်းမှာ မကြာသေးမီ ရက်ပိုင်းတွေက ကိုဗစ်ကူးစက်မှုတွေ ရှိလာနေရာက အခု ဆယ်ဂဏန်းအထိ မြင့်တက်လာတဲ့အတွက် ဒီနေ့ပဲ တစ်မြို့လုံးကို ပိတ်ဆို့ပြီး လော့ဒေါင်းစည်းကမ်းတွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
လက်ရှိအထိတော့ တရားဝင်မှတ်တမ်းတွေအရဆိုရင် ရှီအန်းက ကူးစက်မှုတွေဟာ ဒဲလ်တာမျိုးကွဲတွေဖြစ်ပြီး အိုမီခရွန်ကူးစက်မှု မရှိသေးပါဘူး။
ဒါပေမဲ့ ကိုဗစ်ကူးစက်မှုလုံးဝမရှိစေရ ဆိုတဲ့မူကို လက်ကိုင်ထားတဲ့ တရုတ်အစိုးရဟာ တစ်မြို့လုံးကို လော့ဒေါင်းချလိုက်ပြီ ဖြစ်သလို မြို့နေလူထု အားလုံးကိုလည်း အိမ်ထဲမှာပဲ နေကြဖို့ အမိန့် ထုတ်ပြန်ထားပါတယ်။
အခု စည်းကမ်းအရ အိမ်တစ်အိမ်လျှင် လူတစ်ဦးကျစီဟာ နှစ်ရက်တစ်ကြိမ်သာ အပြင်ထွက်ပြီး လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ခွင့်ရှိသလို မရှိမဖြစ် လိုအပ်ချက်မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အားလုံး ရပ်ထားရပါတယ်။
တရုတ်အစိုးရရဲ့ လုပ်ရပ်ဟာ ၂၀၂၀ ဇန်နဝါရီလက ဝူဟန်မြို့ကို တစ်မြို့လုံး လော့ဒေါင်းချပြီး ကိုဗစ်ထိန်းချုပ်ရေး ဆောင်ရွက်ခဲ့ပုံကို အမှတ်ရဖွယ် ဖြစ်နေတယ်လို့ အေအက်ဖ်ပီ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
တရုတ်ဟာ ကိုဗစ်အရေးနဲ့ ပတ်သက်လာရင် တင်းတင်းကြပ်ကြပ် ကိုင်တွယ်လေ့ရှိသလို မြို့ကြီးတွေမှာ ကိုဗစ်ကူးစက်မှုတွေ ရှိလာရင်လည်း တစ်မြို့လုံးကို လော့ဒေါင်းချပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်တာမျိုး ဆောင်ရွက်လေ့ရှိပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ တရုတ်ပြည် အလယ်ပိုင်းက ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ပြည်မှာ လက်ရှိအချိန်အထိ တရားဝင်အတည်ပြုထားတဲ့ ကိုဗစ်ကူးစက်မှု စုစုပေါင်း တစ်သိန်းကျော်ပဲရှိပြီး ဒီရောဂါကြောင့် သေဆုံးသူအရေအတွက်ဟာလည်း ၄၆၀၀ ဝန်းကျင်ပဲရှိပါတယ်။
ကမ္ဘာတစ်ဝန်းမှာ လက်ရှိအချိန်အထိ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်းဟာ ၅.၄ သန်းနီးပါး ရှိနေပြီဖြစ်ကြောင်း ကိုဗစ်ကူးစက်မှု အရေအတွက်ကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးနေတဲ့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။