- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ထိုင်းရေတပ်ကို ရေငုပ်သင်္ဘောဟောင်းနှစ်စီး ပေးမည်ဟု တရုတ်ကမ်းလှမ်း
ထိုင်းရေတပ်က တရုတ်ထံမှဝယ်ရန် မှာယူထားသော ရေငုပ်သင်္ဘောများ မရရှိသေးမီ ဝန်ထမ်းများကို လေ့ကျင့်ပေးနိုင်ရေးအတွက် သင်္ဘောအဟောင်းနှစ်စီး ပေးမည်ဟု တရုတ်ဘက်က အလွတ်သဘော ကမ်းလှမ်းလာကြောင်း ထိုင်းရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆုန်ပရာဆန်နီဆာမိုင်က ဘန်ကောက်ပို့စ်သတင်းဌာနကို တနင်္ဂနွေနေ့တွင် အတည်ပြုပြောကြားသည်။
07 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၇
ထိုင်းရေတပ်က တရုတ်ထံမှဝယ်ရန် မှာယူထားသော ရေငုပ်သင်္ဘောများ မရရှိသေးမီ ဝန်ထမ်းများကို လေ့ကျင့်ပေးနိုင်ရေးအတွက် သင်္ဘောအဟောင်းနှစ်စီး ပေးမည်ဟု တရုတ်ဘက်က အလွတ်သဘော ကမ်းလှမ်းလာကြောင်း ထိုင်းရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဆုန်ပရာဆန်နီဆာမိုင်က ဘန်ကောက်ပို့စ်သတင်းဌာနကို တနင်္ဂနွေနေ့တွင် အတည်ပြုပြောကြားသည်။
သတင်းအသေးစိတ်ကိုမူ ဆုန်ပရာဆန်က ဖြေကြားရန် ငြင်းဆိုသည်။
တရုတ်သည် ထိုင်းရေတပ်က ဝယ်ယူမည့် S26 Yuan အဆင့် ရေငုပ်သင်္ဘောအား ဝူဟန်တွင် တည်ဆောက်နေပြီး အဆိုပါသင်္ဘောအတွက် ဂျာမနီကုမ္ပဏီ MTU ထံမှ ရေငုပ်သင်္ဘောအင်ဂျင် ဝယ်ယူရန် ကြိုးစားရာ၌ အခက်အခဲများ ကြုံနေရကြောင်း ရေတပ်သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။
၎င်းတို့၏ အင်ဂျင်ဖြင့် ရေငုပ်သင်္ဘောအသစ် တည်ဆောက်ပြီး နောက်တစ်နိုင်ငံသို့ ပြန်ရောင်းရန် စီစဉ်နေခြင်း ဖြစ်သည့်အတွက် တရုတ်ကို ရေငုပ်သင်္ဘောအင်ဂျင် ရောင်းချရန် ဂျာမန်ကုမ္ပဏီက ငြင်းပယ်ထားသည်။
ထို့အတွက်ကြောင့် ယခုကဲ့သို့ သင်္ဘောဟောင်းနှစ်စီး ပေးထားမည်ဟု တရုတ်က ကမ်းလှမ်းခြင်းဟု သတင်းက ဖော်ပြသည်။
ရေငုပ်သင်္ဘောများကို နောက်နှစ် စက်တင်ဘာတွင် ရရှိရန် စီစဉ်ထားသော်လည်း ညှိနှိုင်းမှုများရှိနေဆဲဖြစ်သဖြင့် အစီအစဉ်ကို ၂၀၂၄ ခုနှစ် ဧပြီလအထိ ရွှေ့ဆိုင်းထားကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြချက်အရ သိရသည်။
တရုတ်ထံမှ ပေးအပ်မည့် ဆုန်အဆင့် ရေငုပ်သင်္ဘောနှစ်စီးမှာ အသုံးပြုရန် မွမ်းမံရဦးမည်ဖြစ်ကြောင်း PBS World သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ The Nation သတင်းတစ်ရပ်၌လည်း အဆိုပါသင်္ဘောနှစ်စီးအား လက်ဆောင်ရခြင်းလား သို့မဟုတ် အထူးဈေးနှုန်းတစ်ခုခုဖြင့် လက်ခံရရှိခြင်းလား ဆိုသည်မှာ ရှင်းရှင်းလင်းလင်းမရှိကြောင်း ဖော်ပြထားသည်။
လတ်တလောတွင် တရုတ်ထံမှ သင်္ဘောဟောင်းများလက်ခံယူလျှင် ကုန်ကျနိုင်ခြေရှိသည့် ထိန်းသိမ်းမှုစရိတ်ကို အစည်းအဝေးတစ်ရပ် ကျင်းပပြီး ဆွေးနွေးရန်ရှိကြောင်း ဗိုလ်ချုပ်ကြီးသာရွန်ဆက် ဆီရီဆာဝက်က ဘန်ကောက်ပို့စ်သို့ ပြောသည်။