- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
လူသေဆုံးသည်အထိ ပဋိပက္ခဖြစ်ပွားခဲ့သော အိန္ဒိယ-တရုတ်နယ်စပ် လာဒါ့ခ်ဒေသရှိ အိန္ဒိယတပ်ဖွဲ့ဝင်များထံ ဝန်ကြီးချုပ်မိုဒီ သွားတွေ့
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ဟိမဝန္တာနယ်စပ်ရှိ လာဒါ့ခ်ဒေသသို့ သောကြာနေ့တွင် ရုတ်တရက်သွားရောက်ခဲ့သည်။ ရှေ့တန်းမှစစ်သည်များ တဖြည်းဖြည်းဆုတ်ခွာရန် တရုတ်နှင့် ကနဦးသဘောတူညီချက်ရပြီး သုံးရက်အကြာတွင် သွားရောက်ခဲ့ခြင်းဖြစ်သည်။
06 Jul 2020
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ဟိမဝန္တာနယ်စပ်ရှိ လာဒါ့ခ်ဒေသသို့ သောကြာနေ့တွင် ရုတ်တရက်သွားရောက်ခဲ့သည်။ ရှေ့တန်းမှစစ်သည်များ တဖြည်းဖြည်းဆုတ်ခွာရန် တရုတ်နှင့် ကနဦးသဘောတူညီချက်ရပြီး သုံးရက်အကြာတွင် သွားရောက်ခဲ့ခြင်းဖြစ်သည်။
တရုတ်နှင့်အိန္ဒိယ နှစ်ဖက်စစ်သားများအကြား လူသေဆုံးသည်အထိ ဖြစ်ပွားခဲ့သော ပဋိပက္ခအပြီးတွင် သတင်း ကြိုတင်မထုတ်ပြန်ဘဲ စစ်စခန်းသို့ သွားရောက်ခဲ့သည့် ဝန်ကြီးချုပ်မိုဒီ၏ ခရီးစဉ်သည် တရုတ်အစိုးရနှင့် အိန္ဒိယလူထုအား ပြင်းထန်သည့် သတင်းစကားပေးခြင်းအဖြစ် လေ့လာသူများက သုံးသပ်ကြသည်။
တရုတ်ထိန်းချုပ်နယ်မြေ အက်စိုင်းချင်း(Aksai Chin) ဒေသအနီး အငြင်းပွားနေသော ဂါဝမ်တောင်ကြားဒေသတွင် ဇွန်လ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည့်ပဋိပက္ခနောက်ပိုင်း နှစ်ဖက်လုံးမှ တပ်အင်အား သိသိသာသာ တိုးမြှင့်ချထားခဲ့ကြသည်။
ထိုဖြစ်စဉ်မှာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လူသေဆုံးသည်အထိ နှစ်ဖက်ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ အဆိုပါ အနီးကပ်ရန်ပွဲကြောင့် အိန္ဒိယစစ်သား ၂၀ ဦး သေဆုံးခဲ့ရကာ တရုတ်ဘက်မှ သေဆုံးသည့်အရေအတွက် ကို ထုတ်ပြန်ခြင်းမရှိပေ။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောင်လီကျန်းက မိုဒီနှင့် သူ့၏ရှေ့တန်းခရီးစဉ်အကြောင်းကို ပြောဆို ခြင်းမရှိသော်လည်း အိန္ဒိယအနေဖြင့် “မဟာဗျူဟာတွက်ကိန်းအလွဲ” ဖြင့်ဆောင်ရွက်နေကြောင်း သောကြာနေ့တွင် သတိပေးပြောကြားခဲ့သည်။ ထို့ပြင် တာဝန်မဲ့မှတ်ချက်များ ပြောကြားခဲ့သည့် အိန္ဒိယအရာရှိများကိုလည်း ကျောင်လီကျန်း က ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့သည်။