- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
စင်္ကာပူ၏ ၂၀၂၁ ဂျီဒီပီ ဆယ်စုနှစ်ကျော်တစ်ခုအတွင်း အမြန်ဆုံးနှုန်းဖြင့် တိုးတက်ခဲ့
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကြီးမားစွာထိခိုက်မှုဖြစ်၍ စံချိန်တင် စီးပွားရေးကျဆင်းခဲ့ပြီးနောက် ပြန်လည်နိုးထလာသော စင်ကာပူနိုင်ငံ၏ စီးပွားရေးသည် ဆယ်စုနှစ်ကျော် တစ်ခုအတွင်း အလျင်မြန်ဆုံး အရှိန်အဟုန်ဖြင့် ၂၀၂၁ ခုနှစ်တွင် ပြန်လည်တိုးတက်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Jan 2022

DMG ၊ ဇန်နဝါရီ ၄
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကြီးမားစွာထိခိုက်မှုဖြစ်၍ စံချိန်တင် စီးပွားရေးကျဆင်းခဲ့ပြီးနောက် ပြန်လည်နိုးထလာသော စင်ကာပူနိုင်ငံ၏ စီးပွားရေးသည် ဆယ်စုနှစ်ကျော် တစ်ခုအတွင်း အလျင်မြန်ဆုံး အရှိန်အဟုန်ဖြင့် ၂၀၂၁ ခုနှစ်တွင် ပြန်လည်တိုးတက်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံ၏စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ရ.၂ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့သည်ဟု တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သော ပဏာမ အချက်အလက်များအရ သိရသည်။ ၎င်း အချက်အလက်သည် အစိုးရ၏ တရားဝင် ခန့်မှန်းချက်နှင့်လည်း ယေဘုယျအားဖြင့် ကိုက်ညီမှုရှိပြီး ၂၀၂၀ ခုနှစ်၏ စီးပွားရေးကျဆင်းမှု ၅.၄ ရာခိုင်နှုန်းမှ ပြန်လည်တိုးတက်လာခဲ့ခြင်းလည်း ဖြစ်သည်။
ကမ္ဘာတစ်ဝန်းရှိ အစိုးရများက ၎င်းတို့၏ ကိုဗစ်ကပ်ဘေးဖြေရှင်းရေး နည်းဗျူဟာကို ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒမှ အဆိုပါကပ်ရောဂါနှင့် အတူ ယှဉ်တွဲနေထိုင်ရေးသို့ ကူးပြောင်းလိုက်သည့်အတွက် ကမ္ဘာ့ဖွံဖြိုးတိုးတက်မှု၏ ပြယုဂ်တစ်ခုဖြစ်သော ငွေကြေးနှင့် သယ်ယူပိုဆောင်ရေး အချက်အချာဖြစ်သည့် စင်္ကာပူသည်လည်း အခက်အခဲများကြားမှ ပြန်လည်ဦးမော့လာခဲ့သည်။
စင်္ကာပူ၏ အကြမ်းဖျင်း ပြည်တွင်း အသားတင် ထုတ်ကုန် တိုးတက်မှုသည် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးအကျပ်အတည်းပြီးနောက် ပြန်လည် ဦးမော့လာခဲ့သော ၂၀၁၀ ခုနှစ်တွင် ၁၄.၅ ရာခိုင်နှုန်း တိုးမြင့်ခဲ့ပြီးနောက် ယခုနှစ်တွင် အမြင့်ဆုံး တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
စင်္ကာပူ အစိုးရက လာမည့် ၂၀၂၂ ခုနှစ်တွင် ဂျီဒီပီ ၃ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းအထိ တိုးတက်မည်ဟု မျှော်လင့်ထားကြောင်း အစောပိုင်း၌ ပြောကြားခဲ့သည်။
နှစ်အလိုက် အခြေခံစာရင်း၌ အောက်တိုဘာမှ ဒီဇင်ဘာလအထိ ဂျီဒီပီသည် ၅.၉ ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း စင်္ကာပူ ကုန်သွယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီးဌာနက ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားထားသည်။ ဤပမာဏသည် ရိုက်တာမှ လေ့လာသုံးသပ်သူများ၏ စစ်တမ်းတွင် ခန့်မှန်းထားသည့် ၅.၄ ရာခိုင်နှုန်းထက် ပိုမိုမြန်ဆန်စွာ တိုးတက်ခဲ့ခြင်း ဖြစ်သည်။
သုံးလတစ်ဖြတ် ရာသီအလိုက် အောက်တိုဘာမှ ဒီဇင်ဘာလအထိ ဂျီဒီပီသည် ရှေ့သုံးလတာကာလက ရှိခဲ့သည့် ၁.၂ ရာခိုင်နှုန်းထက် ပိုမြင့်တက်ကာ ၂.၆ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။