- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး အရှေ့တောင်အာရှ သုံးနိုင်ငံသို့ ခရီးထွက်မည်
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန်သည် ယခုသီတင်းပတ်အတွင်း ဘရူနိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
22 Mar 2021

DMG ၊ မတ် ၂၂
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန်သည် ယခုသီတင်းပတ်အတွင်း ဘရူနိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
ဝန်ကြီး ကရစ်ရှနန်သည် မတ်လ ၂၂ ရက်နေ့တွင် ဘရူနိုင်းနိုင်ငံသို့ သွားမည်ဖြစ်ကာ ထိုမှတစ်ဆင့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။
ဝန်ကြီး၏ ခရီးစဉ်သည် စင်္ကာပူနှင့် ဘရူနိုင်းနိုင်ငံအကြား ကာလရှည်ကြာ အနီးကပ်ဆက်ဆံရေးအား အားသစ်လောင်းရန် အတွက် ဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝန်ကြီး၏ ခရီးစဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ချက်တွင် အသေးစိတ်အချက်များ ဖော်ပြထားခြင်း မရှိသော်လည်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို၏ မြန်မာနိုင်ငံအတွင်း စစ်တပ်၏ သွေးစွန်းသောနှိမ်နင်းမှုများ အဆုံးသတ်ရေးနှင့် အာဆီယံထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီး မြန်မာ့အရေး အဖြေရှာရန် တိုက်တွန်းချက်နှင့် ဆက်စပ်နေမည်ဟု ယူဆရသည်။
ဝန်ကြီး ကရစ်ရှနန်သည် မလေးရှားသို့ အင်္ဂါနေ့တွင် ရောက်ရှိမည်ပြီး နှစ်ရက်ကြာမည် ဖြစ်သည်။ မလေးရှား၌ နှစ်နိုင်ငံအရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများအား ဆွေးနွေးမည်ဟု ယူဆရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများသည် မြန်မာ့အရေးနှင့် ပတ်သက်၍ မတ်လ ၂ ရက်နေ့က အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သော်လည်း ထူးခြားသောရလဒ် တစ်စုံတစ်ရာ မထွက်ခဲ့ပေ။