- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
G7 ခေါင်းဆောင်များ ဘာဗားရီးယားတွင် အစည်းအဝေးကျင်းပချိန် ဥတုရာသီဆိုင်ရာ တရားမျှတမှု ရရှိရေး လူရာပေါင်းများစွာ ဆန္ဒဖော်ထုတ်
ရာပေါင်းများစွာသော ချီတက်ဆန္ဒပြသူများသည် ထိပ်သီး ရ နိုင်ငံ ခေါင်းဆောင်များ ပါဝင်သော အစည်းအဝေးကျင်းပသည့် နေရာအနီး ဂျာမန်တောင်ပိုင်းရှိ ဂါမစ်ရှ်-ပါတန်ကာချန်တွင် ဇွန်လ ၂၆ ရက်နေ့(တနင်္ဂနွေနေ့) က ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
28 Jun 2022
DMG ၊ ဇွန် ၂၈
ရာပေါင်းများစွာသော ချီတက်ဆန္ဒပြသူများသည် ထိပ်သီး ရ နိုင်ငံ ခေါင်းဆောင်များ ပါဝင်သော အစည်းအဝေးကျင်းပသည့် နေရာအနီး ဂျာမန်တောင်ပိုင်းရှိ ဂါမစ်ရှ်-ပါတန်ကာချန်တွင် ဇွန်လ ၂၆ ရက်နေ့(တနင်္ဂနွေနေ့) က ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
G7 ခေါင်းဆောင်များ၏ ဘာဗားရီယန်းတောင်တန်းရှိ ရှီလော့စ် အေးမောင့်တွင် သုံးရက်တာကျင်းပမည့် ထိပ်သီး အစည်းအဝေးကို တနင်္ဂနွေနေ့တွင် စတင်ခဲ့ပြီး ယူကရိန်းတွင်ဖြစ်ပွားနေသည့် စစ်ပွဲအကြောင်း ဆွေးနွေးကြဖွယ် ရှိနေသည်။
လက်ကိုင်ပိုစတာတစ်ခုတွင် “လက်နက်အရေးဆွေးနွေးမည့်အစား ဥတုရာသီအရေးကို ကယ်တင်ပေးကာ တစ်ကမ္ဘာလုံးအတွက် တရားမျှတမှုဖော်ဆောင်ရေး” ဟုရေးသားထားပြီး ဟောပြောသူများက ဆန့်ကျင်ဆန္ဒပြသူ လူအုပ်ကြီးကို မိန့်ခွန်းပြောကြားခဲ့သည်။ ၎င်းတို့က ဥတုရာသီပြောင်းလဲမှုကို အဖြေရှာရန် ပိုမို ထိရောက်စွာ ဆောင်ရွက်ပေးရေး ခေါင်းဆောင်များကို တောင်းဆိုခဲ့ကြသည်။
“ကျွန်တော် ဒီနေ့ရောက်လာတာကတော့ ရာသီဥတုဆိုင်ရာ တရားမျှတမှုရှိရေးနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက် တွေချမှတ်နိုင်ဖို့အတွက် တောင်းဆိုဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အနာဂတ်အတွက် ခုလိုဆန္ဒ ဖော်ထုတ်ရတာဖြစ်ပါတယ်” ဟု ဆန္ဒပြသူ တစ်ဦးဖြစ်သည့် သရီဇာစတော့ကယ်က ပြောကြားသည်။
“တို့ကမ္ဘာမြေကြီးကို မီးရှို့နေတာ ချက်ချင်းရပ်”ဟု ရေးသားထားသည့် Oxfam စာတမ်း ကိုင်ဆောင် ထားသည့် ဆန္ဒပြသူ ရ ဦးသည် ရိုးရာ ဘာဗားရီးယန်းဝတ်စုံများနှင့် G7 ခေါင်းဆောင်များပုံ ရေးဆွဲထားသည့် နှာခေါင်းစည်းများ ဝတ်ဆင်ထားခဲ့သည်။
နှင်းဆီပန်းကုံးများကို ဝတ်ဆင်ကာ ယူကရိန်းအလံများကို ဝှေ့ယမ်းနေသည့် အမျိုးသမီးဆန္ဒပြသူ အဖွဲ့ တစ်ဖွဲ့သည် ရုရှားကို လက်နက်အလုံးစုံ ပိတ်ပင်သွားရန် တောင်းဆိုသည့် ယူကရိန်းထောက်ခံသူများ စုဝေး ချီတက်ပွဲတစ်ခုအဖြစ် G7 အစည်းအဝေးများ ကျင်းပနေချိန်တွင် တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့သည်။
“ကျွန်တော်တို့ဟာ လူထုကို သတိရစေဖို့လာခဲ့တာပါ။ ဒါပေမယ့်လည်း ယူကရိန်း စစ်ပွဲဖြစ်နေတဲ့ အချိန်မှာပဲ G7 ခေါင်းဆောင်တွေဟာ အစည်းအဝေးလုပ်နေပါတယ်” ဟု အီယာဘက်ဟိုစကီးက ပြောကြားခဲ့သည်။
မြူးနစ်မြို့တွင်လည်း စနေနေ့က လူပေါင်း ၄ ထောင်ခန့်စုဝေးကာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆင်းရဲမှုတိုက်ဖျက်ရေး၊ ဥတုရာသီပြောင်းလဲမှုနှင့် ကမ္ဘာ့ငတ်မွတ်မှုတို့ကို တိုက်ခိုက်ရန် ဆောင်ရွက်ပေးရေး G7 ခေါင်းဆောင်များကို တောင်းဆိုခဲ့သည်။
ဂရင်းပိစ် လှုပ်ရှားတက်ကြွသူများသည် ရှီးလော့အေးမောင့်အနီးရှိ ဝက်ဆန်စတိန်း တောင်ထိပ်တွင် ဧရာမ ငြိမ်းချမ်းရေးသင်္ကေတတစ်ခုကို စနေနေ့နှောင်းပိုင်းက စိုက်ထူခဲ့သည်။ ငြိမ်းချမ်းရေးကို ထောက်ခံပြီး ရုပ်ကြွင်း လောင်စာများကို ဆန့်ကျင်ကြောင်း G7ထိပ်သီးအစည်းအဝေးသို့ သတင်းစကားပါးရန် ရည်ရွယ်ကာ စိုက်ထူခဲ့ခြင်းဖြစ်သည်။