- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကမ္ဘာ့ဆန်ကုန်သွယ်မှု ထက်ဝက်နီးပါးခန့် အိန္ဒိယလက်ဝါးကြီးအုပ်နိုင်
၂၀၂၁ တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ဆန်တင်ပို့မှု၌ အိန္ဒိယသည် တရုတ်ပြီးလျှင် ဒုတိယအကြီးဆုံး ဆန်စပါးတင်ပို့သည့် နိုင်ငံနေရာတွင် ရှိနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
18 Sep 2021
DMG ၊ စက်တင်ဘာ ၁၈
၂၀၂၁ တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ဆန်တင်ပို့မှု၌ အိန္ဒိယသည် တရုတ်ပြီးလျှင် ဒုတိယအကြီးဆုံး ဆန်စပါးတင်ပို့သည့် နိုင်ငံနေရာတွင် ရှိနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကမ္ဘာအနှံ့ဆန်တင်ပို့မှု၏ ၄၅ ရာခိုင်နှုန်းသည် အိန္ဒိယမှ ဖြစ်ကာ အာဖရိကနှင့်အာရှဒေသတစ်ဝန်းရှိ ဝယ်ယူသူများထံသို့ သင်္ဘောဖြင့် တင်သွင်းခြင်း ဖြစ်သည်။
အိန္ဒိယသည် ယခုနှစ်တွင် ဆန်တန်ချိန်ပေါင်း ၂၂ သန်းအထိ တင်ပို့နိုင်ခဲ့ပြီး ထိုအရေအတွက်သည် နောက်ထပ်ဆန်တင်ပို့မှု အများဆုံးသုံးနိုင်ငံဖြစ်သော ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန် သုံးနိုင်ငံပေါင်း တင်ပို့မှုထက် ပိုများသည့်ပမာဏဖြစ်ကြောင်း အိုလမ်းအိန္ဒိယ ဆန်စပါးလုပ်ငန်း၏ ဒုတိယဥက္ကဌ နီတင်ဂူပတာ ကပြောကြားသည်။
ယခုနှစ်တွင်မူ ပုံမှန်ဝယ်နေကျ နိုင်ငံများအပြင် တရုတ်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့သည်လည်း အိန္ဒိယမှ ဆန်များဝယ်ယူခဲ့ကြသည်ဟု သူက ပြောသည်။
အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၀ တွင် ယခင်နှစ်ကထက် ၄၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး စံချိန်တင် ဆန်တန်ချိန်ပေါင်း ၁၄.၇ သန်းအထိ ရှိလာခဲ့သည်။ ဘာစတီအမျိုးအစားမဟုတ်သော ဆန်များ တင်ပို့မှုတွင်လည်း ရ၇ ရာခိုင်နှုန်း မြင့်တက်လာသောကြောင့် ဆန်တန်ချိန်ပေါင်း ၉.၇ သန်းအထိ စံချိန်တင် တင်ပို့နိုင်ခဲ့သည်။
အရည်အသွေးကောင်းသော ဘာစတီဆန်တင်ပို့မှုမှာ ပုံမှန်အားဖြင့် တန်ချိန် ၄ သန်းရှိနေစဉ်တွင် ၂၀၂၁ ခုနှစ်တွင် ဘာစတီအမျိုးအစားဆန် တင်ပို့မှုသည် ပြီးခဲ့သောနှစ်ကထက် နှစ်ဆပိုတိုးပြီး တန်ချိန်ပေါင်း ၁၈ သန်း အထိ ရှိလာနိုင်သည်ဟုလည်း မစ္စတာဂူပတာက ဆိုသည်။
ပြီးခဲ့သည့် မတ်လတည်းက တစ်ကမ္ဘာလုံးဆန်ဝယ်လိုအား စံချိန်တင် မြင့်တက်နေချိန်တွင် အိန္ဒိယနိုင်ငံမှဆန်သည် ထိုင်းနှင့်ဗီယက်နမ်ရှိ ဆန်များထက်ပို၍ ပုံမှန် ဈေးသက်သာနေခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
၂၀၂၁-၂၂ ခုနှစ်ကာလတွင် ကမ္ဘာ့ဆန်တင်ပို့မှု စုစုပေါင်းပမာဏသည် တန်ချိန်ပေါင်း ၄၈.၅ သန်းအထိ ရှိမည်ဟု အမေရိကန်စိုက်ပျိုးရေးဌာနက ခန့်မှန်းထားသည်။