- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဒေလီတွင် အထည်ချုပ်စက်ရုံတစ်ရုံမီးလောင်ပြီး ၄၃ ဦးသေဆုံး
အိန္ဒိယနိုင်ငံ၏မြို့တော်၊ နယူးဒေလီတွင် အိတ်ချုပ်သည့် အထည်ချုပ်စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားပြီး အလုပ်သမား ၄၃ ဦးအထိသေဆုံးခဲ့ရကြောင်း အာဏာပိုင်များ၏ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းဌာနက ဖော်ပြထားသည်။
09 Dec 2019
အိန္ဒိယနိုင်ငံ၏မြို့တော်၊ နယူးဒေလီတွင် အိတ်ချုပ်သည့် အထည်ချုပ်စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားပြီး အလုပ်သမား ၄၃ ဦးအထိသေဆုံးခဲ့ရကြောင်း အာဏာပိုင်များ၏ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းဌာနက ဖော်ပြထားသည်။
မီးလောင်ကျွမ်းမှုသည် တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၈ ရက်) မနက်အစောပိုင်းက ဒေလီမြို့၏ လူဦးရေထူထပ်လှသော ရပ်ကွက်တစ်ခုအတွင်းရှိ ၄ ထပ်အဆောက်အအုံတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဓိကအားဖြင့် ကျောင်းလွယ်အိတ်များချုပ်လုပ်သော ယင်းအဆောက်အအုံအတွင်း၌ မီးလောင်မှုဖြစ်ပွားချိန်တွင် လူပေါင်း ၁၀၀ ခန့်အိပ်နေလျက်ရှိပြီး လူပေါင်း ၆၀ ခန့်ကို ကယ်တင်နိုင်ခဲ့သည်။
အဆိုပါမီးလောင်မှုမှာ ထိတ်လန့်တုန်လှုပ်စရာကောင်းလှပြီး အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းကြေကွဲမိကြောင်း ဝန်ကြီးချုပ်နာရင်ဒြာမိုဒီ က ထုတ်ပြန်ကြေညာခဲ့သည်။
မီးသည် အဆောက်အအုံ၏ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ရာ အောက်ပိုင်းအထပ်များတွင် စတင်လောင်ကျွမ်းခဲ့ပြီး အလုပ်သမားများအိပ်လျက်ရှိသော တတိယထပ်သို့ အလျှင်အမြန် ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားသော အဆောက်အအုံသည် အာဇာတ်ဈေးတွင်တည်ရှိပြီး ယင်းနေရာသည် လမ်းကျဉ်းလေးများသာ ရှိသဖြင့် မီးသတ်နှင့်ကယ်ဆယ်ရေးယာဉ်များ ဝင်ရခက်ခဲသော နေရာတစ်နေရာဖြစ်သည်။
မီးသတ်သမားများသည် မီးလောင်ကျွမ်းမှုအတွင်း ပိတ်မိနေသူများကို တစ်ဦးချင်းသာ ထမ်းထုတ်ပြီး ကယ်ဆယ်ခဲ့ကြရသည်။ မီးလောင်ကျွမ်းမှုအတွင်း ဒဏ်ရာရရှိသူများကို ဒေလီမြို့ရှိ ဆေးရုံများတွင် ကုသပေးလျက်ရှိသည်။
မီးလောင်မှုစတင်ဖြစ်ပွားရသည့် အကြောင်းရင်းအတိအကျကို လက်ရှိအချိန်ထိ သိရှိရသေးခြင်းမရှိဘဲ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။ သို့ရာတွင် မျက်မြင်တွေ့လိုက်ရသူတစ်ဦးကမူ ဝါယာလျှော့ဖြစ်ပြီး လောင်ကျွမ်းခြင်းဖြစ်သည်ဟု ပြောကြားသည်။
အိန္ဒိယနိုင်ငံ၏မြို့ကြီးများတွင် ဘေးကင်းလုံခြုံရေးအတွက် အဓိကလမ်းညွှန်စည်းကမ်းချက်များကို လိုက်နာမှုမရှိခြင်းနှင့် စီမံမှုညံ့ဖျင်းခြင်းတို့ကြောင့် လူအများအသက်ဆုံးရှုံးရသော မီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။
ယခုမီးလောင်ကျွမ်းမှုအပေါ် အိန္ဒိယနိုင်ငံရေးသမားများက ဝမ်းနည်းကြေကွဲကြောင်း ၎င်းတို့၏ ကိုယ်ပိုင်ဆိုရှယ်မီဒီယာများမှလည်း ဖော်ပြခဲ့ရာ -
" ချစ်ခင်ရသူတွေကို ဆုံးရှုံးခဲ့ရသူတွေနဲ့ ထပ်တူဝမ်းနည်းကြေကွဲမိပါတယ်။ ဒဏ်ရာရရှိသွားသူတွေလည်း အမြန်ဆုံး သက်သာပျောက်ကင်းကြပါစေကြောင်း ဆုတောင်းပေးပါတယ်။ အာဏာပိုင်တွေအနေနဲ့ဒီဝမ်းနည်းကြေကွဲစရာဖြစ်ရပ်မှာ ပေးနိုင်သမျှအကူအညီတွေ ပေးအပ်သွားပါမယ် " ဟု ဝန်ကြီးချုပ်နာရင်ဒြာမိုဒီက သူ၏တွစ်တာစာမျက်နှာတွင် ရေးသားထားသည်ကိုတွေ့ရသည်။