- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
နျူကလီးယားအရေးသံတမန်ဆက်ဆံမှု မအောင်မြင်လျှင် အီရန်အပေါ် အင်အားသုံးမည်ဟု အမေရိကန်နှင့် အစ္စရေးသတိပေး
သမ္မတဂျိုးဘိုင်ဒန်အစိုးရသည် အီရန်နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သည့် သံတမန်ရေး မအောင်မြင်ပါက အီရန်နျူလက်နက် မပိုင်ဆိုင်ရေးအတွက် နောက်ကွယ်တွင် အစဉ်မပြတ်သတိပေးနေသည့် အစ္စရေးနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် ဖိအားပေးသည့်နည်းကို သုံးသွားမည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က အရိပ်အယောင် ပြောဆိုသွားသည်။
17 Oct 2021
DMG ၊ အောက်တိုဘာ ၁၇
သမ္မတဂျိုးဘိုင်ဒန်အစိုးရသည် အီရန်နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သည့် သံတမန်ရေး မအောင်မြင်ပါက အီရန်နျူလက်နက် မပိုင်ဆိုင်ရေးအတွက် နောက်ကွယ်တွင် အစဉ်မပြတ်သတိပေးနေသည့် အစ္စရေးနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားခြင်းဖြင့် ဖိအားပေးသည့်နည်းကို သုံးသွားမည် ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က အရိပ်အယောင် ပြောဆိုသွားသည်။
အီရန်နှင့်တွေ့ဆုံဆွေးနွေးမှုများသည် လိပ်ခဲတည်းလည်း ဖြစ်နေဆဲဖြစ်ရာ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် အစ္စရေးနှင့် အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးများနှင့် သုံးနိုင်ငံဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ အမေရိကန်သည် အဆိုပါ မဟာမိတ် နှစ်နိုင်ငံနှင့် အီရန်အစိုးရ၏ နျူကလီးယားအရေးနှင့်ပတ်သက်သည့် စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ရသည့် ပြီးခဲ့သည့်နှစ်တွင် ဆက်ဆံရေးကောင်းများ တည်ဆောက်ထားနိုင်ခဲ့သည်။
အီရန်အပေါ် ပိတ်ဆို့အရေးယူမှု ဖြေလျော့ပေးမည်ဟူသောကတိများ မတည်မှုကြောင့် အီရန်သည် ၎င်း၏ နျူကလီးယားအစီအစဉ်ကို အရှိန်မြှင့်ဆောင်ရွက်လာသဖြင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ချောင်ထိုး ထားခဲ့သော ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ပြန်လည်ပါဝင်တော့မည်ဟူသည့် သမ္မတဘိုင်ဒန်၏ ကမ်းလှမ်းချက်ကို ဘလင်ကင်က သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။
“အီရန်ကို နျူကလီးယားလက်နက်တစ်ခု တပ်ဆင်ခွင့်မပြုနိုင်ကြောင်းအဆိုမှာ အားလုံးတစ်သဘောတည်း ဖြစ်ကြောင်း” ဝါရှင်တန်တွင် ကျင်းပသည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဘလင်ကင်က ပြောကြား ခဲ့သည်။
“အီရန်လက်နက်ပိုင်ဆိုင်သွားခြင်းမရှိရန် သံတမန်နည်းနဲ့ ဆက်ဆံခြင်းသည်သာ အထိရောက်ဆုံးဖြစ်တယ်လို့ ကျွန်တော်တို့အနေနဲ့ကတော့ ယုံကြည်ပါတယ်” ဟုလည်း ၎င်းကဖြေကြားခဲ့သည်။
သို့သော်လည်း ဘိုင်ဒန်၏ ရွေးကောက်ပွဲပြီးချိန်ကစပြီး သူ၏ အီရန်နျူကလီးယားအရေး ကတိကဝတ်ကို တည်ကြောင်း ပြရန် ဆောင်ရွက်ချိန်တွင် အီရန်အတွက် ကိုးလကြာ အချိန်ရရှိထားပြီးဖြစ်ကြောင်းလည်း ထောက်ပြခဲ့သည်။
“သဘောရိုးဖြင့် တွေ့ဆုံဆွေးနွေးရန် အီရန်အနေနဲ့ နေ့စဉ်နဲ့အမျှ ငြင်းပယ်နေခြင်းသည် စောင့်ဆိုင်းစရာအချိန် မရှိတော့ကြောင်း” ဘလင်ကင်က ပြောကြားခဲ့သည်။
အီရန်နှင့် အမေရိကန်တို့သည် ၂၀၁၅ နျူကလီးယားသဘောတူညီချက်တွင် လိုက်နာရမည့်အချက်များ ပြန်လည်ညှိနှိုင်းခြင်းကို တတိယအဖွဲ့အစည်းကတစ်ဆင့် ဆွေးနွေးနေသည်မှာ ယခုနှစ်အတွင်း ခြောက်ကြိမ် ရှိပြီဖြစ်ကာ နှစ်ဘက်ကိုယ်စားလှယ်များသည် သြစတြီးယားနိုင်ငံ ဗီယင်နာ မြို့ရှိ ဟိုတယ်ခန်းများတွင် ဥရောပသမဂ္ဂကို ကြားခံအဖြစ်ထားကာ သီးခြားစီ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။