- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အနောက်အုပ်စုထံ၌ ချောင်ပိတ်မိပါက နျူကလီးယားလက်နက်များ ကြံဆလာနိုင်ကြောင်း အီရန်ထောက်လှမ်းရေး ပြောကြား
အနောက်အုပ်စု၏ ကာလရှည်ကြာဖိအားပေးမှုသည် တီဟီရန်အား “ချောင်ပိတ်မိသည့် ကြောင်” တစ်ကောင်ကဲ့သို့ တုန့်ပြန်တိုက်ခိုက်အောင် တွန်းအားပေးသလို ဖြစ်နေပြီး မိမိတို့အနေဖြင့် နျူကလီးယား လက်နက်များ ရှာဖွေကြံဆလာနိုင်ကြောင်း အီရန်ထောက်လှမ်းရေးဝန်ကြီးက ပြောကြားလိုက်သည်။
12 Feb 2021
အနောက်အုပ်စု၏ ကာလရှည်ကြာဖိအားပေးမှုသည် တီဟီရန်အား “ချောင်ပိတ်မိသည့် ကြောင်” တစ်ကောင်ကဲ့သို့ တုန့်ပြန်တိုက်ခိုက်အောင် တွန်းအားပေးသလို ဖြစ်နေပြီး မိမိတို့အနေဖြင့် နျူကလီးယား လက်နက်များ ရှာဖွေကြံဆလာနိုင်ကြောင်း အီရန်ထောက်လှမ်းရေးဝန်ကြီးက ပြောကြားလိုက်သည်။
တီဗီအင်တာဗျူးတစ်ခု၌ ဖြေကြားခဲ့သည့် ယခုမှတ်ချက်သည် အနောက်နိုင်ငံများ စွပ်စွဲထားသကဲ့သို့ အီရန်က နျူကလီးယားလက်နက်အရေးကို စိတ်ဝင်စားနေသည်ဟူသည့် အချက်ကို အထောက်အကူပြုစေခဲ့သည်။
အီရန်အရာရှိများကမူ ၂၀၀၀ ခုနှစ်အစောပိုင်းက အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီ ထုတ်ပြန်ခဲ့သည့် နျူကလီးယားလက်နက် ထုတ်လုပ်ခွင့် တားမြစ်သည့် ဘာသာရေးဥပေဒကို ကိုးကားပြီး အနောက်နိုင်ငံများ၏ စွပ်စွဲချက်ကို ထပ်တလဲလဲ ငြင်းပယ်လျက်ရှိသည်။
ရှာရီယာဥပဒေနှင့် မညီညွတ်ကြောင်း ဘာသာရေးခေါင်းဆောင် ခါမေနီ၏ ပြောကြားချက်ကြောင့် အီရန်တို့သည် နျူကလီးယားလက်နက်ကို စိတ်ဝင်စားမှု မရှိကြောင်း၊ သို့သော်လည်း ချောင်ပိတ်မိသည့် ကြောင်သည် လွတ်လပ်ခဲ့သည့်အချိန်နှင့် မတူကွဲပြားစွာ ပြုကျင့်နိုင်ကြောင်း၊ အနောက်နိုင်ငံများက အီရန်အား ထိုလမ်းကြောင်းသို့ တွန်းအားပေးနေပါက အီရန်၏အပြစ် မဟုတ်တော့ကြောင်း တနင်္လာနေ့က ထုတ်လွှင့်သည့် အင်တာဗျူးတွင် အီရန် ထောက်လှမ်းရေးဝန်ကြီး မာမွတ်အာလာဗီက ပြောကြားခဲ့သည်။
အီရန်နိုင်ငံက ၎င်းတို့၏ နျူကလီးယားအစီအစဉ်သည် စွမ်းအင်ထုတ်လုပ်ရန်နှင့် အခြားသော ဘေးကင်းသည့် ရည်ရွယ်ချက်များအတွက်သာ ဖြစ်ကြောင်း နျူကလီးယားလက်နက် ထုတ်လုပ်လိုသည့် ရည်ရွယ်ချက် မရှိကြောင်း နှစ်ပေါင်းများစွာ အစဉ်တစိုက် ပြောဆိုခဲ့သည်။
သို့သော်လည်း အမေရိကန် ထောက်လှမ်းရေး အဖွဲ့များနှင့် ကုလသမဂ္ဂ၏ နျူကလီးယားစောင့်ကြည့် အဖွဲ့တို့ကမူ အီရန်သည် ၎င်းရပ်ဆိုင်းခဲ့သည့် နျူကလီးယားလက်နက်များကို တစ်ကြိမ် ပိုင်ဆိုင်မှုရှိခဲ့ဖူးကြောင်း ယူဆထားကြသည်။