- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဟောင်ကောင်ဒီမိုကရေစီအရေး လှုပ်ရှားသူ ဂျိုရှုဝေါင် ရွေးကောက်ပွဲဝင်ခွင့် မရ
ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် အရေးပါသော တက်ကြွလှုပ်ရှားသူ ဂျိုရှုဝေါင်အား အရည်အချင်း မပြည့်မီဟုဆိုကာ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပယ်ချလိုက်ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
29 Oct 2019
ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် အရေးပါသော တက်ကြွလှုပ်ရှားသူ ဂျိုရှုဝေါင်အား အရည်အချင်း မပြည့်မီဟုဆိုကာ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပယ်ချလိုက်ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
နိုဝင်ဘာလတွင် ကျင်းပမည့် ခရိုင်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် စာရင်းတင်သွင်းထားသူ ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်အနက် ပယ်ချခံရသူမှာ မိမိတစ်ဦးတည်းသာ ရှိကြောင်း ဂျိုရှုဝေါင်က ပြောကြားသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ဟောင်ကောင်အစိုးရကမူ ဝေါင်၏အမည်ဖြင့် ဦးတည်ပြောကြားခြင်း မရှိသော်လည်း အရည်အချင်း မပြည့်မီသူ ကိုယ်စားလှယ်လောင်း တစ်ဦးအား ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပယ်ချလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဝေါင်သည် ဟောင်ကောင်၏ကိုယ်ပိုင်ပြဌာန်းခွင့်ကို ထောက်ခံသူဖြစ်သည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဥပဒေကို လိုက်နာနိုင်မည်လား ဟူသည်မှာ မေးခွန်းထုတ်စရာဖြစ်နေကြာင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အသက် ၂၃ နှစ်အရွယ် ဂျိုရှုဝေါင်ကမူ မိမိအား နိုင်ငံရေးပယောဂကြောင့် ငြင်းပယ်လိုက်ခြင်းသာ ဖြစ်ကြောင်း အင်္ဂါနေ့တွင် ပြောကြားသည်။ ဝေါင်သည် ၂၀၁၄ ခုနှစ်က ဟောင်ကောင်တွင် ပေါ်ပေါက်ခဲ့သည့် ‘ထီးလှုပ်ရှားမှု’ တွင် လူငယ်ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး ထိုအချိန်က ဝေါင်၏ အသက်မှာ ၁၇ နှစ်သာ ရှိသေးသည်။
ဟောင်ကောင်တွင် ၂၀၁၉ ခုနှစ် ဇွန်လမှစတင်ကာ ယခုအချိန်ထိ အဆုံးမသတ်နိုင်သေးသော ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားမှုများကြောင့် စီးပွားရေး အကြီးအကျယ်ကျဆင်းလျှက်ရှိပြီး လာရောက်လည်ပတ်သူ ခရီးသွားဦးရေသည်လည်း ထက်ဝက်နီးပါး ကျဆင်းသွားပြီ ဖြစ်သည်။ ဒေဝါလီခံမှုများနှင့် အလုပ်လက်မဲ့ဦးရေသည်လည်း မြင့်တက်လျက်ရှိသည်။
လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြပွဲများသည် တရားခံလွှဲပြောင်းပေးရေး ဥပဒေအား ကန့်ကွက်ဆန္ဒပြကြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ၎င်းဥပဒေအား အောက်တိုဘာလ ၂၃ ရက်နေ့က တရားဝင် ရုတ်သိမ်းလိုက်ပြီ ဖြစ်သော်လည်း ဆန္ဒပြပွဲများ ရပ်ဆိုင်းမသွားဘဲ ဒီမိုကရေစီအရေး တောင်းဆိုမှုများအဖြစ် ဆက်လက်ပေါ်ပေါက်လျှက်ရှိသည်။