- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
သဘောထားကွဲလွဲနေသည့် ကက်ရှ်မီးယားတွင် အငြင်းပွားဖွယ် မြေယာဥပဒေများ အိန္ဒိယ ပြင်ဆင်
အိန္ဒိယသည် ပဋိပက္ခနယ်မြေများဖြစ်သော ဂျမူး၊ ကက်ရှ်မီးယားဒေသတွင် အိန္ဒိယနိုင်ငံသားများအား မြေဝယ်ခွင့်ပေးမည့် မြေယာဥပဒေကို ပြင်ဆင်လိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားလိုက်သည်။ ယခုကဲ့သို့ ပြင်ဆင်မှုသည် ကက်ရှ်မီးယားဒေသခံများ၏ အခွင့်အရေးကို တစ်ဖြည်းဖြည်း ဆုံးရှုံးစေခြင်းဖြစ်ကြောင်း ခွဲထွက်ရေးအတိုက်အခံများက ဝေဖန်ပြစ်တင်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Nov 2020
အိန္ဒိယသည် ပဋိပက္ခနယ်မြေများဖြစ်သော ဂျမူး၊ ကက်ရှ်မီးယားဒေသတွင် အိန္ဒိယနိုင်ငံသားများအား မြေဝယ်ခွင့်ပေးမည့် မြေယာဥပဒေကို ပြင်ဆင်လိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားလိုက်သည်။ ယခုကဲ့သို့ ပြင်ဆင်မှုသည် ကက်ရှ်မီးယားဒေသခံများ၏ အခွင့်အရေးကို တစ်ဖြည်းဖြည်း ဆုံးရှုံးစေခြင်းဖြစ်ကြောင်း ခွဲထွက်ရေးအတိုက်အခံများက ဝေဖန်ပြစ်တင်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဥပဒေပြင်ဆင်ချက်အနေဖြင့် အင်္ဂါနေ့က ထုတ်ပြန်လိုက်သည့် အမိန့်ကြေညာချက်ရပ်တွင် “ပြည်နယ်တွင် အမြဲတမ်းနေထိုင်သူ” ဟူသော စကားရပ်အား ပယ်ဖျက်လိုက်ခြင်းသည် ကက်ရှ် မီးယားဒေသတွင် နေထိုင်သူ မဟုတ်သည့် အိန္ဒိယနိုင်ငံသားများပင်လျှင် ဟိမဝန္တာဒေသရှိမြေများ ဝယ်ယူခွင့်ရရှိသွားမည့် အခြေအနေကို ဖန်တီးထားသကဲ့သို့ဖြစ်နေသည်။
မနှစ်ကမတိုင်မီအထိ ကက်ရှ်မီးယားသည် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေမှ အာမခံပေးထားသည့် အထူးအခြေအနေတစ်ရပ်အရ အမြဲတမ်းနေထိုင်ခွင့်နှင့် အိမ်ခြံမြေပိုင်ဆိုင်ခွင့်တို့နှင့် စပ်လျဉ်းသည့် ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများ ချမှတ်ခွင့်ရှိခဲ့သည်။
ကက်ရှ်မီးယားသည် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့က အပြည့်အဝပိုင်ဆိုင်ခွင့်ရရေး တောင်းဆိုနေသည့် နယ်မြေတစ်ခုဖြစ်ပြီး နှစ်နိုင်ငံလုံးက ဒေသအစိတ်အပိုင်းများကို ပိုင်းခြားအုပ်ချုပ်လျက်ရှိသည်။ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးချိန်ကတည်းက အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံအကြား ပေါ်ပေါက်ခဲ့သည့် တိုက်ပွဲသုံးခု အနက် နှစ်ခုသည် ဤဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကက်ရှ်မီးယားရှိ အတိုက်အခံခေါင်းဆောင်များသည် မိုဒီအစိုးရအား မြေယာဥပဒေများပြန်လည် ရေးဆွဲမှုအပေါ် ဝေဖန်ပြစ်တင်ခဲ့ကြသည်။
“မြေယာဥပဒေပြင်ဆင်ချက်တွေဟာ ဂျမူးနှင့် ကက်ရှ်မီးယားဒေသကို ရောင်းစားသည့်အခြေအနေကို ရောက်စေခဲ့ပြီ။ အဲဒီဒေသက လူတွေအတွက်တော့ ဒီဥပဒေပြင်ဆင်ချက်အသစ်တွေကို လက်ခံနိုင် စရာမရှိဘူး။” ဟု ဝန်ကြီးချုပ်ဟောင်း အိုမာ အဗ္ဗဒူလာက တွစ်တာတွင် ရေးသားခဲ့သည်။
အဗ္ဗဒူလာသည် မနှစ်က အိန္ဒိယထိန်းချုပ်ထားသည့် ကတ်ရှ်မီးယား၏ တစ်စိတ်တစ်ပိုင်း ကိုယ် ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းခြင်းမတိုင်မီက ဖမ်းဆီးထိန်းသိမ်းခံရသည့် လူ ၅,၀၀၀ တွင် တစ်ဦးအပါ အဝင်ဖြစ်သည်။