- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဆီးရီးယားထိုးစစ်အတွင်း ဥပမဒေမဲ့ကွပ်မျက်မှုများကို စုံစမ်းစစ်ဆေးရန် တူရကီအစိုးရကို ကုလတိုက်တွန်း
ဆီးရီးယားတွင် တူရကီတို့၏ထိုးစစ်အတွင်း လေကြောင်း တိုက်ခိုက်မှုများ၊ မြေပြင်တိုက်ခိုက်မှုများ၊ စနိုက်ပါပစ်ခတ်မှုများကြောင့် အရပ်သားများသေဆုံးရမှုများကိုပါ မှတ်တမ်းတင်ထားကြောင်း ကုလလူ့အခွင့်အရေးဌာနက ပြောကြားသည်။
15 Oct 2019
တူရကီတို့၏ ဆီးရီးယားနယ်စပ် ထိုးစစ်ဆင်မှုများအတွင်း စစ်ရာဇဝတ်မှုဖြစ်ဖွယ်ရှိသော ဥပဒေမဲ့ကွပ်မျက်သတ်ဖြတ်မှုများ ရှိသည်ဟု ယူဆနိုင်စရာရှိကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်သည်ဟု Reuters သတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။
၎င်းတို့အနေဖြင့် လွန်ခဲ့သည့်တစ်ပတ်ခန့်မှ စတင်သော ဆီးရီးယားတွင် တူရကီတို့၏ထိုးစစ်အတွင်း လေကြောင်း တိုက်ခိုက်မှုများ၊ မြေပြင်တိုက်ခိုက်မှုများ၊ စနိုက်ပါပစ်ခတ်မှုများကြောင့် အရပ်သားများသေဆုံးရမှုများကိုပါ မှတ်တမ်းတင်ထားကြောင်း ကုလလူ့အခွင့်အရေးဌာနက ပြောကြားသည်။
တူရကီနှင့် ၎င်း၏မဟာမိတ် ဆီးရီးယားသူပုန်တပ်ဖွဲ့များသည် ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ် YPG တပ်ဖွဲ့များအား အကြမ်းဖက်တပ်ဖွဲ့များဟု သတ်မှတ်ကာ ၎င်းတို့ခြေကုပ်ရယူထားသော နယ်မြေများကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
ကာ့ဒ်တို့ဦးဆောင်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့များ (SDF) က တူရကီကျောထောက်နောက်ခံပြု တိုက်ခိုက်ရေး သမားများသည် စနေနေ့က ဆီးရီးယားနိုင်ငံမြောက်ပိုင်းရှိ လမ်းမတစ်ခုထက် တိုက်ခိုက်မှုတစ်ခုအတွင်း ကာ့ဒ်နိုင်ငံရေးသမားတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲထားကာ တူရကီကျောထောက်နောက်ခံပြု သူပုန်တပ်ဖွဲ့ကမူ ယင်းစွပ်စွဲမှုကို ငြင်းဆန်ပြီး ၎င်းတို့အနေဖြင့် ထိုဒေသမျှလောက်အထိ ရောက်ရှိခြင်းမရှိသေးကြောင်း တုံ့ပြန်ပြောဆို ထားသည်။
ကာ့ဒ်လူမျိုး ၃ ဦးကို တူရကီတို့၏မဟာမိတ် အရာအယ်လ်ရှာကီယာ တပ်သားများက အဝေးပြေးလမ်းမတစ်ခုထက်တွင် အောက်တိုဘာလ ၁၂ ရက်နေ့က ကွပ်မျက်နေသည့်မြင်ကွင်းဟု ယူဆရသည့် ဗွီဒီယိုဖိုင်တစ်ခုကို ရရှိထားကြောင်း ကုလလူ့အခွင့်အရေးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။ ထိုအဝေးပြေးလမ်းမထက်မှာပင် ကာ့ဒ်နိုင်ငံရေးသမား ဟာဗင်ခါလက်ဖ်မှာ ယင်းတပ်ဖွဲ့ဝင်များ၏ကွပ်မျက်မှုကို ခံခဲ့ ရသည်ဟု သတင်းပေးပို့မှု ရရှိထားသည်ဟုလည်း ကုလသမဂ္ဂက ပြောကြားသည်။
တူရကီနိုင်ငံအနေဖြင့် ၎င်းတို့၏မဟာမိတ်တပ်ဖွဲ့များ၏ ထိုကဲ့သို့ကွပ်မျက်မှုများနှင့် စစ်ဥပဒေချိုးဖောက်မှုများအပေါ် တာဝန်ယူရမည်ဖြစ်ကာ စစ်ဆင်ရေးများ ဆင်နွှဲနေသမျှကာလတစ်လျှောက်လုံး ထိုတပ်ဖွဲ့များ၏ စစ်ဆင်ရေးများ အပေါ် ထိထိရောက်ရောက်ထိန်းချုပ်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်းလည်း ကုလက သတိပေးထားသည်။
တူရကီအစိုးရအနေဖြင့် ကွပ်မျက်မှုကျူးလွန်သူများကိုယ်တိုင် ဆိုရှယ်မီဒီယာများတွင် မျှဝေထားသော ဗွီဒီယိုများမှတဆင့် ၎င်းတို့ထဲမှအချို့ကို အလွယ်တကူဖော်ထုတ်နိုင်ကြောင်းနှင့် ထိုကျူးလွန်မှုများအတွက် တာဝန်ရှိသူများကို ပွင့်လင်းမြင်သာပြီး ဘက်လိုက်မှုမရှိသော စုံစမ်းစစ်ဆေးအရေးယူမှုများ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ကုလလူ့အခွင့်အရေးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရူးပတ်ကိုဗီးလ် က ပြောကြားသည်။
ကုလစစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအရာရှိများက ယင်းဖြစ်ရပ်များအပေါ် ဆက်လက်စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသည်။