- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြန်မာ့စီးပွားရေး ၁၀ ရာခိုင်နှုန်းအထိ ထိုးကျနိုင်ကြောင်း ကမ္ဘာ့ဘဏ်သတိပေး
မြန်မာနိုင်ငံအတွင်း မငြိမ်သက်မှုများကြောင့် ယခုနှစ်အတွင်း နိုင်ငံစီးပွားရေးသည် ၁၀ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးလိုက်သည်။ သောကြာနေ့က ထုတ်ပြန်သည့် သုံးသပ်ချက်အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
27 Mar 2021

DMG ၊ မတ် ၂၇
မြန်မာနိုင်ငံအတွင်း မငြိမ်သက်မှုများကြောင့် ယခုနှစ်အတွင်း နိုင်ငံစီးပွားရေးသည် ၁၀ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်က သတိပေးလိုက်သည်။ သောကြာနေ့က ထုတ်ပြန်သည့် သုံးသပ်ချက်အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
ကမ္ဘာ့ဘဏ်သည် ၂၀၂၀ အောက်တိုဘာလက မြန်မာ့စီးပွားရေး ၅.၉ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းချက် ထုတ်ပြန်ခဲ့ဖူးသည်။ ဤနှုန်းထားသည် အာရှဒေသတွင်း အမြင့်ဆုံးနှုန်းထား ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
သို့သော်လည်း လက်ရှိအနေအထား၌မူ မြန်မာနိုင်ငံ၌ ဆန္ဒပြမှုများ၊ အလုပ်သမားသပိတ်များနှင့် စစ်တပ်၏ နှိမ်နင်းမှုများ ရှိနေသလို ဘဏ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ အင်တာနက်ဝန်ဆောင်မှုများ ကဲ့သို့ ပြည်သူ့ဝန်ဆောင်မှုများမှာလည်း ပြတ်တောက်မှုများ ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။
ဆန္ဒပြသူများသည် သပိတ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် စီးပွားရေးကို ပစ်မှတ်ထားကာ CDM လှုပ်ရှားမှုများ ရှိနေပြီး ဘဏ်လုပ်ငန်းများလည်း ရပ်ဆိုင်းနေသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း နိုင်ငံရေးအခြေအနေ ပြည်လည်တည်ငြိမ်ချိန်အထိ ၎င်းတို့၏ လုပ်ငန်းများအား ရပ်ဆိုင်းထားရမည့် အခြေအနေ ရှိနေသည်။
လက်ရှိအချိန်၌ မြန်မာစစ်တပ်သည် ဆန္ဒပြမှုများ အရှိန်လျော့သွားအောင် အင်တာနက် ဖြတ်တောက်မှုများ လုပ်ဆောင်ထားသဖြင့်လည်း စီးပွားရေး လုပ်ငန်းများသည် ပုံမှန်လည်ပတ်၍မရဘဲ ဖြစ်နေသည်။