- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
စစ်ပွဲကြောင့် ထွက်ပြေးရသူ ယူကရိန်းနိုင်ငံသား ၅ သန်းနီးပါးရှိ
ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းနိုင်ငံသား ငါးသန်းနီးပါးသည် စစ်ဘေးတိမ်းရှောင် ထွက်ပြေးခဲ့ကြကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး လျင်မြန်စွာ အစုအပြုံလိုက်ထွက်ခွာမှုကို သတိပေးကာ အခြေအနေ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
23 Apr 2022
DMG ၊ ဧပြီ ၂၃
ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းနိုင်ငံသား ငါးသန်းနီးပါးသည် စစ်ဘေးတိမ်းရှောင် ထွက်ပြေးခဲ့ကြကြောင်း ကုလသမဂ္ဂက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး လျင်မြန်စွာ အစုအပြုံလိုက်ထွက်ခွာမှုကို သတိပေးကာ အခြေအနေ ပိုမိုဆိုးရွားလာမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ရုရှားနိုင်ငံက စတင်ကျူးကျော်ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံသား ၄,၉၈၀,၅၈၉ ဦး နိုင်ငံမှ တိမ်းရှောင် ထွက်ခွာသွားကြောင်းနှင့် ထွက်ခွာသွားသူ စုစုပေါင်းသည် တနင်္လာနေ့တွင် ၄၆,၁၇၄ဦးအထိ တက်လာသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR က ပြောသည်။
အများအားဖြင့် ကျောင်းသား ကျောင်းသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများဖြစ်သော ၂၁၅,၀၀၀ နီးပါးခန့်ရှိသော တတိယနိုင်ငံသားများသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်ဟု
ကုလသမဂ္ဂ၏ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ကပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်အရ စစ်ပွဲစတင်ချိန်မှစ၍ လူပေါင်း ၅.၂ သန်းခန့်သည် ယူကရိန်းနိုင်ငံမှ ထွက်ပြေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခြေအနေသည် ဥရောပတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အလျင်မြန်ဆုံး ကြီးထွားလာသည့် ဒုက္ခသည် အကျပ်အတည်းဟု တာဝန်ရှိသူများက သတ်မှတ်ကြသည်။
“အဓိက ကတော့ နယ်နိမိတ်တွေ ဖွင့်ထားပေးဖို့ပါပဲ။ လူတွေ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ပြီး အိမ်နီးချင်း နိုင်ငံတွေဆီ ရောက်သွားရင် အကူအညီတွေ ရနိုင်တယ်” ဟု UNHCR ပြောခွင့်ရ အမျိုးသမီး ရှာဘီးယားမန်တူးက ဂျီနီဗာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ရုရှားနိုင်ငံက ယူကရိန်းအရှေ့ပိုင်းကို လွတ်မြောက်ပေးရန် ကြိုးပမ်းနေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး ရုရှားနိုင်ငံက ယူကရိန်းအရှေ့ပိုင်းတလွှားတွင် ဒါဇင်နှင့်ချီသော လေကြောင်းတိုက်ခိုက်မှုများကို ညတွင်းချင်းပင် ပြုလုပ်ခဲ့သည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များသည် ဒွန်ဘက်စ်ဒေသတွင် ကြီးမားသော ထိုးစစ်သစ်တစ်ရပ်ကို ပြုလုပ်နေကြောင်း ယူကရိန်းနိုင်ငံက စွပ်စွဲသည်။
"ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်မတို့ စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေပေမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာ ယူကရိန်း ဒုက္ခသည်ငါးသန်းလောက်အထိ မြင့်တက်လာတာကတော့ အတော်လေးကို စိုးရိမ်စရာကောင်းပါတယ်" ဟု ရှာဘီးယားမန်တူးက ပြောကြားသည်။
ထွက်ပြေးသွားသူများ၏ ၉၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ပြီး အသက် ၁၈ နှစ်မှ ၆၀ အတွင်း အမျိုးသားများသည် စစ်မှုထမ်းရန် အရည်အချင်း ပြည့်မီကြသောကြောင့် မထွက်ခွာနိုင်သူများ ဖြစ်ကြသည်။
နိုင်ငံအတွင်း၌ ရှိနေကြသူများ အပါအဝင် ယူကရိန်းကလေးငယ် အားလုံး၏ သုံးပုံနှစ်ပုံနီးပါးသည်လည်း ၎င်းတို့၏နေအိမ်များမှ ထွက်ပြေးခဲ့ကြရသည်။
ယူကရိန်းဒုက္ခသည် ၂.၈ သန်းကျော်သည် ပိုလန်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ ခုနစ်သိန်းခွဲခန့်မှာ ရိုမေးနီးယားသို့ ရောက်ရှိနေကြသည်။
ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံသား ၆၄၅,၀၀၀ နီးပါး ထွက်ပြေးခဲ့ပြီး မတ်လတွင် ၃ ဒသမ ၄ သန်းနီးပါးနှင့် ယခုလအထိ ၉၄၅,၀၀၀ နီးပါး ထွက်ပြေးခဲ့ကြရကြောင်း UNHCR ၏ ကိန်းဂဏန်းများအရ သည်။