- နခခ ၅ ကို ဆက်လက်ခုခံနိုင်ရန် လေကြောင်းဖြင့် ရိက္ခာဖြည့်ပေးနေ
- အမ်းက စစ်ကောင်စီ အမြောက်စခန်းတစ်ခုကို AA သိမ်းပိုက်
- DMG သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးထားသည်မှာ တစ်နှစ်ပြည့်ပြီ
- စစ်ကောင်စီ လောင်စာဆီရရှိနေသည့် ကုမ္ပဏီ ၅ ခုကို ဗြိတိန် အရေးယူပိတ်ဆို့
- အမ်း လေကြောင်းဗုံးကြဲမှု အရပ်သား ၉ ဦး သေဆုံး၊ ၁၈ ဦးထက်မနည်း ဒဏ်ရာရ
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လာနိုင်သော အဆိုးဆုံးအခြေအနေများအတွက် မလေးရေတပ် အဆင့်မြှင့်တင်ရန် လိုအပ်
အင်အားကြီးနိုင်ငံများက ၎င်းတို့၏ ရေပိုင်နက်ကို ထိပါးလာပါက မလေးရှားအနေဖြင့် ဆန့်ကျင်ကြောင်း ကြေညာချက်များ ထုတ်ပြန်နိုင်သော်လည်း ပဋိပက္ခတစ်ခုဖြစ်ပွားလာပါက မိမိပိုင်နက်ကို ကာကွယ်ရန်အတွက် လုံလောက်သောရေတပ်အင်အား မရှိခြင်းမှာ အားနည်းချက်တစ်ရပ်ဖြစ်နေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာအီဖူဒင်အက်ဘ်ဒူလာက ပြောကြားခဲ့ခြင်းဖြစ်သည်သည်။
17 Oct 2019
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခများအတွက် မလေးရှားရေတပ်ကို အဆင့်မြှင့်တင်ရန်လိုအပ် လျက်ရှိသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ကြောင်း CNA သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုများတွင် စစ်ရေးအရပဋိပက္ခများ ဖြစ်ပွားရန် အလိုမရှိသော်လည်း ၎င်းတို့၏ရေတပ်အင်အားမှာမူ အဆင့်မြှင့်တင်ရန် လိုအပ်သည့်အခြေအနေတွင် ရှိနေသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သောလအတွင်းက တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်တို့က ၎င်းတို့၏ပိုင်နက်ဟု ပြောဆိုထားပြီး အခြားနိုင်ငံများနှင့် ပိုင်နက်အငြင်းပွားလျက်ရှိသော ကျွန်းများအနီးတွင် အမေရိကန်စစ်သင်္ဘောတစ်စီး ခုတ်မောင်းခဲ့ပြီးနောက်တွင် ယင်းဒေသ၌ တင်းမာမှုများ မြင့်တက်လျက်ရှိသည်။
အင်အားကြီးနိုင်ငံများက ၎င်းတို့၏ ရေပိုင်နက်ကို ထိပါးလာပါက မလေးရှားအနေဖြင့် ဆန့်ကျင်ကြောင်း ကြေညာချက်များ ထုတ်ပြန်နိုင်သော်လည်း ပဋိပက္ခတစ်ခုဖြစ်ပွားလာပါက မိမိပိုင်နက်ကို ကာကွယ်ရန်အတွက် လုံလောက်သောရေတပ်အင်အား မရှိခြင်းမှာ အားနည်းချက်တစ်ရပ်ဖြစ်နေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာအီဖူဒင်အက်ဘ်ဒူလာက ပြောကြားခဲ့ခြင်းဖြစ်သည်သည်။
မလေးရှားနိုင်ငံ၏လက်ရှိရေတပ်အင်အားမှာ တရုတ်နိုင်ငံ၏ ကမ်းခြေစောင့်တပ်အင်အားနှင့်ပင် ယှဉ်နိုင်ခြင်းမရှိကြောင်း ဝန်ကြီးဆာအီဖူဒင်က ပြောကြားသည်။
"ကျွန်တော်တို့က ပဋိပက္ခဖြစ်မှာမျိုးကို မလိုလားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အင်အားကို မြှင့်တင်ဖို့တော့ လိုပါတယ်။ ဒါမှသာ တောင်တရုတ်ပင်လယ်မှာ အင်အားကြီးနိုင်ငံတွေကြား ပဋိပက္ခဖြစ်လာခဲ့ရင် ကိုယ့်ရေပိုင်နက်ကို ကိုယ်တိုင် ပိုပြီးကောင်းမွန်အောင် စီမံခန့်ခွဲနိုင်မှာပါ" ဟု၎င်းကပြောကြားသည်။
နှစ်စဉ် အမေရိကန်ဒေါ်လာ ၃.၄ ထရီလီယံခန့် တန်ဖိုးရှိသော ကုန်စည်များဖြတ်သန်းစီးဆင်းလျက်ရှိသော တောင်တရုတ်ပင်လယ်၏ နေရာအများစုကို ၎င်း၏ပိုင်နက်အဖြစ် တရုတ်တို့က သတ်မှတ်ပြောဆိုလျက်ရှိပြီး မလေးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နိုင်ငံတို့နှင့် ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်လျက်ရှိသည်။
လက်တလော တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများမြင့်တက်လာရခြင်းမှာ အမေရိကန်တို့က ၎င်းတို့၏ပိုင်နက် တောင်တရုတ်ပင်လယ်ကျွန်းများအနီးသို့ စစ်သင်္ဘောနှင့် လေယာဉ်များစေလွှတ်ခြင်းကြောင့်ဖြစ်သည်ဟု တရုတ်တို့က ဝေဖန်ပြစ်တင်ထားသည်။ တရုတ်တို့က ၎င်းတို့၏ပိုင်နက်ကျွန်းများဟု ဆိုသော်လည်း ယင်းကျွန်းများမှာ ပိုင်နက်အငြင်းပွားလျက်ရှိသော ကျွန်းများဖြစ်သည်။
မလေးရှားနိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ ပြုမူပုံများနှင့်ပတ်သက်ပြီး ယခင်က ဝေဖန်ပြောကြားမှုများ ရှိခဲ့သော်လည်း ယခုတလောတွင်မူ နှုတ်ဆိတ်လျက်ရှိသည်။
အထူးသဖြင့် တရုတ်နိုင်ငံက ၎င်း၏ ရပ်ဝန်းနှင့်လမ်းစီမံကိန်းတွင် ပါဝင်သော အခြေခံအဆောက်အအုံများ ဆောက်လုပ်ရန် အတွက် မလေးရှားနိုင်ငံ၌ ဒေါ်လာဘီလျံနှင့်ချီသော ရင်းနှီးမြုပ်နံှမှုများ ထည့်ဝင်ပြီးနောက်တွင် တောင်တရုတ် ပင်လယ်အရေး၌ မလေးရှားက တရုတ်အပေါ်ဝေဖန်မှုများ သိပ်မကြားရတော့ပေ။