- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ယခုနှစ် မြန်မာ့စီးပွားရေး ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ် ပြော
မြန်မာနိုင်ငံတွင် အရပ်သားအစိုးရအား စစ်တပ်က ဖြုတ်ချလိုက်သည့် နောက်ပိုင်း နိုင်ငံတစ်ဝန်း အကြီးအကျယ် မငြိမ်သက်မှုများနှင့် ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ခေါင်းထောင်လာမှုတို့၏ ရလဒ်အဖြစ် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ်က ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
26 Jul 2021
DMG ၊ ဇူလိုင် ၂၆
မြန်မာနိုင်ငံတွင် အရပ်သားအစိုးရအား စစ်တပ်က ဖြုတ်ချလိုက်သည့် နောက်ပိုင်း နိုင်ငံတစ်ဝန်း အကြီးအကျယ် မငြိမ်သက်မှုများနှင့် ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန် ခေါင်းထောင်လာမှုတို့၏ ရလဒ်အဖြစ် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ်က ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြောကြားလိုက်သည်။
မြန်မာစစ်တပ်က နိုင်ငံတော်အာဏာကို ရယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ နိုင်ငံတစ်ဝန်းတွင် ဆန့်ကျင်ကန့်ကွက်မှုများ ပေါ်ပေါက်လျက်ရှိပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ သွေးစွန်းသော နှိမ်နင်းမှုများကြောင့် သေဆုံးသူ စုစုပေါင်း ၉၃၁ ဦး ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ဇူလိုင်လ ၂၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဧရာမ လူထုလှုပ်ရှားမှုကြီး ဖြစ်သည့် CDM လှုပ်ရှားမှုကြောင့်လည်း ဘဏ်များ ပိတ်ထားရခြင်း၊ အာဏာပိုင်များ အခွန်အခများ မကောက်ခံနိုင်ခြင်းများ ရှိသဖြင့် စီးပွားရေးအပေါ် အကျိုးသက်ရောက်စေခဲ့သည်။
ကိုဗစ်ကပ်ဘေးကြီးကြောင့် နဂိုတည်းက ချည့်နဲ့နေသော စီးပွားရေးသည် ယခုနှစ် စက်တင်ဘာလအတွင်း အဆုံးသတ်မည့် ဘဏ္ဍာရေးနှစ်တွင် ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်က ပြောသည်။
လုပ်ငန်းများ ရပ်ဆိုင်းရခြင်း၊ ဆန္ဒပြမှုများ၊ အင်တာနက်ပိတ်ဆို့မှုများကြောင့် ငွေကြေးလည်ပတ်မှု ကျဆင်းသွားကာ ဘဏ်လုပ်ငန်းကို ရပ်ဆိုင်းသွားစေခဲ့သည်။ မြန်မာကျပ်ငွေ၏ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း တန်ဖိုးသည်လည်း ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
နိုင်ငံတွင်း ဆင်းရဲဒုက္ခရောက်နေသည့် လူဦးရေအချိုးအစား သည်လည်း ၂၀၁၉ နှင့် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်တွင် နှစ်ဆကျော် မြင့်တက်လာမည်ဟု ကမ္ဘာ့ဘဏ်က ဖြည့်စွက် ပြောကြားသည်။
၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ပြည်ပကုမ္ပဏီအများအပြားသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာခြင်း သို့မဟုတ် လုပ်ငန်း ဆိုင်းငံ့ခြင်းများ ရှိနေသည်။
မြန်မာနိုင်ငံတွင် သုံးစွဲသူ ၁၈ သန်းရှိသည့် နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောသည်လည်း မြန်မာနိုင်ငံ၏ ၎င်း၏ လုပ်ငန်းလည်ပတ်မှုများ အားလုံးအား လက်ဘနွန်ကုမ္ပဏီ M1 Group ထံသို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချလိုက်ကြောင်း ဇူလိုင်လ အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။