- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာဘက်မှ အိန္ဒိယသို့ တိမ်းရှောင်သူ စုစုပေါင်း ၁ ထောင်ကျော်ပြီ
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာရယှုမှု ဖြစ်ပွားပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲသို့ တိမ်းရှောင်လာသူ စုစုပေါင်း ၁ ထောင်ကျော်သွားပြီဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
21 Mar 2021
DMG ၊ မတ် ၂၁
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာရယှုမှု ဖြစ်ပွားပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲသို့ တိမ်းရှောင်လာသူ စုစုပေါင်း ၁ ထောင်ကျော်သွားပြီဖြစ်ကြောင်း မတ်လ ၂၀ ရက်နေ့က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထွက်ပြေးတိမ်းရှောင်လာသူ ဦးရေ ထပ်မံမြင့်တက်လာနိုင်ခြေ ရှိနေသည့်အတွက် အိန္ဒိယ-မြန်မာ နယ်စပ်အနီးတွင် ဒုက္ခသည်စခန်းများ ဆောက်လုပ်ပေးရန် ဒေသခံအာဏာပိုင်များက ဗဟိုအစိုးရကို တိုက်တွန်းနေကြောင်း မီဇိုရမ် လွှတ်တော်အမတ် ကေဗန်လာဗီနာက ပြောသည်။
“မဟုတ်ရင် ဒုက္ခသည်တွေအကုန်လုံး အိန္ဒိယတစ်နိုင်ငံလုံး ပြန့်ကြဲကုန်လိမ့်မယ်” ဟု သူက ဆိုသည်။
ဝင်ရောက်လာသူများတွင် ဆန္ဒပြသူများအား ဖြိုခွဲခိုင်းခြင်းကို ဖီဆန်ပြီး ထွက်ပြေးလာသည့် ရဲနှင့် မီးသတ်ဝန်ထမ်းများလည်း အများအပြား ပါဝင်သည်ဟု သူကဆိုသည်။ သို့သော်လည်း အများစုမှာ နိုင်ငံတွင်း မတည်ငြိမ်မှုကြောင့် ချင်းပြည်နယ်မှ ထွက်ပြေးလာသော အရပ်သားများဖြစ်ကြောင်း ဗန်လာဗီနာက ပြောသည်။
အိန္ဒိယဗဟိုအစိုးရသည် မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသည့် အိန္ဒိယပြည်နယ် လေးခုနှင့် နယ်စပ်လုံခြုံရေး တာဝန်ယူထားသည့် ပြည်သူ့စစ်တပ်ဖွဲ့များအား မြန်မာဘက်မှ ခိုးဝင်လာသူများကို လက်မခံရန်နှင့် ပြန်လွှတ်ရန် ညွှန်ကြားထားသည်။
သို့သော်လည်း မီဇိုရမ်ပြည်နယ်အစိုးရကမူ ဗဟိုအစိုးရ၏ ညွှန်ကြားချက်အား ဆန့်ကျင်ထားသလို ပြည်နယ်အုပ်ချုပ်ရေးမှူး ဇိုရမ်သန်ဂါကလည်း မြန်မာဘက်မှ ဝင်လာသူများကို ခိုလှုံခွင့်ပေးရန် တိုက်တွန်းသည့် စာတစ်စောင်အား အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီထံ ကြာသပတေးနေ့တွင် ပေးပို့ထားသည်။
“အိန္ဒိယအစိုးရအနေနဲ့ သတိကြီးကြီးထားပြီး ဆောင်ရွက်ရမယ့် နိုင်ငံခြားရေး ကိစ္စရပ်တွေ ရှိတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ အခုဖြစ်ပျက်နေတဲ့ လူသားချင်းစာနာရမယ့် အကျပ်အတည်းကို ကျွန်တော်တို့ မျက်ကွယ်ပြုလို့ မရဘူး” ဟု သူကပြောသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် ဆန္ဒဖော်ထုတ်မှုများအား စစ်တပ်က ပြင်းပြင်းထန်ထန် ဖြိုခွဲလျက်ရှိရာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၂၃၅ ဦး ရှိသွားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ထုတ်ပြန်ချက်အရ သိရသည်။