- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
စစ်တပ်က အင်အားတိုးချဲ့နေသည့် မြန်မာပြည်မြောက်ပိုင်းတွင် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ မြင့်တက်လာမည်ကို ကုလ စိုးရိမ်
မြန်မာပြည်မြောက်ပိုင်းတွင် စစ်တပ်က အင်အား ထောင်ပေါင်းများစွာ တိုးမြှင့်တပ်ဖြန့်မှုများ ရှိနေသဖြင့် အဆိုပါဒေသများတွင် ယခုထက်ပိုမိုဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ဖြစ်ပွားလာမည်ကို ကြောက်ရွံ့မိကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောကြားလိုက်သည်။
23 Oct 2021
DMG ၊ အောက်တိုဘာ ၂၄
မြန်မာပြည်မြောက်ပိုင်းတွင် စစ်တပ်က အင်အား ထောင်ပေါင်းများစွာ တိုးမြှင့်တပ်ဖြန့်မှုများ ရှိနေသဖြင့် အဆိုပါဒေသများတွင် ယခုထက်ပိုမိုဆိုးရွားသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ဖြစ်ပွားလာမည်ကို ကြောက်ရွံ့မိကြောင်း ကုလသမဂ္ဂက သောကြာနေ့တွင် ပြောကြားလိုက်သည်။
“ဒီနယ်မြေက ပြည်သူလူထုတွေက ပိုမိုဆိုးရွားတဲ့ ရာဇဝတ်မှုတွေအတွက် ပြင်ဆင်ထားကြသလိုပဲ ကျွန်တော်တို့အားလုံး ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် တွမ်အင်ဒရူးက ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။
တွင်အင်ဒရူးသည် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် ဖြစ်စဉ်များနှင့် ပတ်သက်သည့် တွေ့ရှိချက်များအား ကုလသမဂ္ဂအထွေထွေညီလာခံသို့ တင်ပြခဲ့သည်။
မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းသို့ တပ်မတော်ဘက်က အင်အား သောင်းနှင့်ချီ ပို့ဆောင်နေသလို လက်နက်ကြီးများလည်း ပို့ဆောင်နေကြောင်း သတင်းရထားသည်ဟု သူက ပြောသည်။
ယခုတွေ့ရှိချက်များအရ စစ်တပ်အာဏာပိုင်များသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ဖွယ်ရာ ရှိနေသည်ဟု သူကပြောသည်။
“ရခိုင်ပြည်နယ်မှာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်က မွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်မီက တပ်ဖြန့်ခဲ့မှုတွေကို အခု ဒီလုပ်ရပ်တွေက သတိဖော်ပေးနေပါတယ်” ဟု အင်ဒရူးက ပြောသည်။
ကမ္ဘာ့နိုင်ငံများအနေဖြင့်လည်း မြန်မာစစ်တပ်အား ငွေကြေး၊ လက်နက် ထောက်ပံ့မှုများ မပြုလုပ်ရန်၊ အသိအမှတ်ပြုမှုများ မပြုလုပ်ကြရန်နှင့် ယခုသီတင်းပတ်အစောပိုင်းက အကျဉ်းသားများအား ပြန်လွှတ်ပေးခဲ့သည့် လုပ်ရပ်မျိုးသည် မြန်မာစစ်တပ်က အသိအမှတ်ပြုမှု လိုအင်ကြောင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု တွမ်အင်ဒရူးက တိုက်တွန်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်က အာဏာရယူခဲ့သည့် အချိန်မှစတင်၍ လက်ရှိအချိန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိပ်ကွပ်မှုကြောင့် သေဆုံးသူအရပ်သား ၁၁၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။