- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု သြစတြေးလျ ရပ်ဆိုင်း
မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ်ပိန်းက မတ်လ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။
09 Mar 2021
မြန်မာနိုင်ငံနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေသည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ်ပိန်းက မတ်လ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုအား လူထု၏ ကန့်ကွက်ဆန္ဒပြမှုများကို မြန်မာစစ်တပ်က အရှိန်မြှင့် ဖြိုခွင်းမှုများ ရှိနေချိန်၌ ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။
သြစတြေးလျနိုင်ငံအနေဖြင့် အထောက်အပံ့များအား လမ်းကြောင်းပြောင်းပြီး မွတ်ဆလင်များနှင့် လူနည်းစုတိုင်းရင်းသားများအတွက် လူသားချင်း စာနာထောက်ထားရေး အရေးပေါ်အကူအညီများ ပေးအပ်သွားမည်ဟု တနင်္ဂနွေနေ့က ထုတ်ပြန်သည့် ဝန်ကြီး၏ ကြေညာချက်တွင် ဖော်ပြထားသည်။
မိမိတို့အနေဖြင့် အရေးပေါ် အကူအညီများ အဓိကလိုအပ်နေသည့် နေရာများသို့ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ်သွားမည်ဟု ဝန်ကြီး ပြောသည်။
သြစတြေးလျနှင့် မြန်မာ မိတ်ဖက်ဆောင်ရွက်မှုကို အင်္ဂလိပ်စာ လေ့လာရေး ကဲ့သို့သော စစ်ရေးမဟုတ်သည့် ကိစ္စရပ်များသာ ဆောင်ရွက်ရန် ကန့်သတ်ထားသည်။
မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး စီးပွားရေးပညာရှင် ရှောင်တာနဲလ်အား အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် ဆက်လက်တောင်းဆိုသွားမည် ဟုလည်း သြစတြေးလျ အာဏာပိုင်များက ပြောကြားသည်။ ရှောင်တာနဲလ်အား မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တည်းက မြန်မာစစ်တပ်က ထိန်းသိမ်းထားခြင်း ဖြစ်သည်။