- တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် ရိုက်ခတ်လာသည့် အာရက္ခတပ်တော်အောင်ပွဲ
- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
မမှန်မကန် လုပ်ရပ်များကို ဆန့်ကျင်ရပ်တည်ကြရန် အစိုးရဝန်ထမ်းများအား မလေးဝန်ကြီးချုပ် ပြောကြား
ဝန်ကြီးချုပ်ရုံးဝန်ထမ်းများအား ဇန်နဝါရီလ ၁၆ ရက်နေ့က လစဉ်မိန့်ခွန်း ပြောကြားရာ၌ အန်နဝါက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
17 Jan 2023
မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင် ဇန်နဝါရီလ ၁၆ ရက်နေ့က လစဉ်မိန့်ခွန်း ပြောကြားစဉ်။ ဓာတ်ပုံ - Facebook
အစိုးရဝန်ထမ်းများအနေဖြင့် စည်းမျှဉ်းစည်းကမ်းများကို ချိုးဖောက်သည်ဟု ယူဆရသည့် အစိုးရ၏ လုပ်ရပ်များကို ဆန့်ကျင်ပြီး ထုတ်ဖော်ပြောကြားကြရန် မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်က ပြောကြားလိုက်သည်။
ဝန်ကြီးချုပ်ရုံးဝန်ထမ်းများအား ဇန်နဝါရီလ ၁၆ ရက်နေ့က လစဉ်မိန့်ခွန်း ပြောကြားရာ၌ အန်နဝါက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
အစိုးရဝန်ထမ်းများသည် အပြန်အလှန် ထိန်းကျောင်း လုပ်ဆောင်သင့်ပြီး ဥပဒေချိုးဖောက်မှုများကိုလည်း ဆန့်ကျင်ပြောကြားသင့်သည်ဟု အန်နဝါက ပြောကြားသည်။
မိမိကိုယ်တိုင် အပါအဝင် မည်သည့်ဝန်ကြီးကိုမျှ စစ်ဆေးမှုမှကင်းလွတ်ခွင့် မရှိစေသင့်ဟုလည်း သူကပြောသည်။
“ဘဏ္ဍာရေးဝန်ကြီးဌာနမှာဆိုရင် မေးခွန်းထုတ်စရာဖိုင်တွေ အများကြီးရှိနေပါတယ်။ အရာရှိတွေကို အပြစ်ဖို့ရတာက လွယ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးကညွှန်ကြားတာ၊ ဒါမှမဟုတ် ဝန်ကြီးချုပ်ကိုယ်တိုင်က ညွှန်ကြားတာဆိုရင် ဒီအရာရှိအနေနဲ့ လိုက်လျောလိုက်ရမှာပဲကိုး” ဟု သူကပြောသည်။
“ဒါပေမဲ့ ဥပဒေကိုကျော်လွန်ပြီး အသေးအမွှားလေးကအစ လုပ်ခိုင်းလာတာရှိရင် ဝန်ကြီးချုပ်ပဲဖြစ်နေပါစေ အသိပေးဖို့ ရှင်းရှင်းလင်းလင်း ညွှန်ကြားချင်ပါတယ်” ဟု အန်နဝါက ဆိုသည်။
အုပ်ချုပ်ရေးအဖွဲ့တွင် ယိုပေါက်များရှိနေလျှင် မလေးရှားနိုင်ငံသည် အောင်မြင်မည်မဟုတ်ဟု ဝန်ကြီးချုပ်က အထူးအလေးထား ပြောကြားသည်။
အန်နဝါအီဗရာဟင်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က ဝန်ကြီးချုပ်အဖြစ် ကျမ်းကျိန်ပြီးနောက် အစိုးရဝန်ထမ်းများကို ပြောကြားသော မိန့်ခွန်း၌လည်း သူ၏ ခေါင်းဆောင်မှုအောက်တွင် အကျင့်ပျက် ခြစားများကို ခွင့်ပြုမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။