- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
တရုတ်တွင် မိုဘိုင်းဖုန်းသုံးစွဲသူများ၏ မျက်နှာကို စကန်ဖတ်ကာ မှတ်တမ်းယူမည်
တရုတ်နိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာများသည် မိုဘိုင်းဖုန်း သုံးစွဲသူများ၏ မျက်နှာကို မှတ်တမ်းတင် သိမ်းဆည်းရမည်ဖြစ်ကြောင်း အာဏာပိုင်များက စည်းကမ်းထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ ၎င်းစည်းကမ်းအား ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်အကောင်အထည် ဖော်ရမည်ဖြစ်သည်။
02 Dec 2019
တရုတ်နိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာများသည် မိုဘိုင်းဖုန်း သုံးစွဲသူများ၏ မျက်နှာကို မှတ်တမ်းတင် သိမ်းဆည်းရမည်ဖြစ်ကြောင်း အာဏာပိုင်များက စည်းကမ်းထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ ၎င်းစည်းကမ်းအား ဒီဇင်ဘာလ ၁ ရက်နေ့တွင် စတင်အကောင်အထည် ဖော်ရမည်ဖြစ်သည်။
တရုတ် စက်မှုနှင့် နည်းပညာ ဝန်ကြီးဌာနက အွန်လိုင်းအသုံးပြုသူ တရုတ်နိုင်ငံသားများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ရေးအတွက်ဟုဆိုကာ စက်တင်ဘာလတွင် သတိပေးချက်တစ်ရပ် ထုတ်ပြန်ပြီး နာမည်အမှန် အသုံးပြုကာ စာရင်းပေးသွင်းရမည့် စည်းကမ်းများလည်း ချမှတ်ခဲ့သည်။
၎င်းထုတ်ပြန်ချက်တွင် တရုတ်ပြည်ရှိ ဆက်သွယ်ရေး အော်ပရေတာများသည် ဖုန်းနံပါတ်အသစ် ဝယ်ယူသူတိုင်းအား စစ်ဆေးအတည်ပြုရန်အတွက် လိုအပ်သောနည်းပညာများ အသုံးပြုသင့်ကြောင်း ဖော်ပြပါရှိသည်။
အဆိုပါစည်းကမ်းအရ ဖုန်းနံပါတ်အသစ် ဝယ်ယူအသုံးပြုသူသည် သူ၏မျက်နှာကို တစ်ပတ်လှည့် ရိုက်ပြန်ရန်နှင့် မျက်တောင်ကိုပါ မှိတ်ပြရန် လိုအပ်မည်ဟု ဆက်သွယ်ရေးကုမ္ပဏီတစ်ခုမှ စားသုံးသူဝန်ဆောင်မှု ကိုယ်စားလှယ်တစ်ဦးက AFP သတင်းဌာနသို့ ပြောကြားသည်။
အမည်မှန်ဖြင့် မှတ်ပုံတင်ခြင်းအား တိကျစွာ အကောင်အထည်ဖော် လုပ်ဆောင်သွားရန်အတွက် နောက်ပိုင်းအဆင့်များတွင် ဝန်ကြီးဌာနက ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဟု စက်တင်ဘာလက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်အစိုးရသည် မိုဘိုင်းဖုန်းအသုံးပြုသူများအား အမည်မှန်ဖြင့် မှတ်ပုံတင်ကြရန် ၂၀၁၃ ခုနှစ်ခန့်ကတည်းက တိုက်တွန်းခဲ့သည်။ ၎င်းလုပ်ဆောင်ချက်အရ မိုဘိုင်းဖုန်းအသုံးပြုသူများ၏ မှတ်ပုံတင်များသည် ၎င်းတို့၏ ဖုန်းနံပါတ်များနှင့် ချိတ်ဆက်ထားမည်ဖြစ်သည်။
တရုတ်အစိုးရသည် ကောင်းမွန်ပြီး စည်းကမ်းပြည့်ဝသော အင်တာနက် ဖြစ်ရေး၊ အမျိုးသားလုံခြုံရေးနှင့် လူထုအကျိုးစီးပွားကို ကာကွယ်ရေးဆိုသည့် ဆောင်ပုဒ်များချမှတ်ကာ မကြာသေးမီနှစ်များအတွင်း လူမှုကွန်ရက်ပေါ်တွင် စောင့်ကြည့်ကြပ်မတ်မှုများ တိုးမြှင့်ဆောင်ရွက်လာခြင်း ဖြစ်သည်။