- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ရုရှားနိုင်ငံတွင်းထိ ပစ်ခတ်နိုင်သော တာဝေးပစ်ဒုံးများ ယူကရိန်းကို အမေရိကန်ထောက်ပံ့မည်မဟုတ်
ယူကရိန်းတို့ဘက်က တာဝေးပစ်လက်နက်များ အပူတပြင်း တောင်းဆိုနေသော်လည်း ရုရှားပိုင်နက်အတွင်းပိုင်းအထိ ပစ်ခတ်နိုင်သော ဒုံးကျည်စနစ်များကို ယူကရိန်းအား ထောက်ပံ့မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မေလ ၃၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
31 May 2022
DMG ၊ မေ ၃၁
ယူကရိန်းတို့ဘက်က တာဝေးပစ်လက်နက်များ အပူတပြင်း တောင်းဆိုနေသော်လည်း ရုရှားပိုင်နက်အတွင်းပိုင်းအထိ ပစ်ခတ်နိုင်သော ဒုံးကျည်စနစ်များကို ယူကရိန်းအား ထောက်ပံ့မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မေလ ၃၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
“ရုရှားထဲထိ ပစ်ခတ်နိုင်တဲ့ ဒုံးကျည်စနစ်တွေ ကျွန်တော်တို့ ယူကရိန်းကို ပို့ပေးမှာမဟုတ်ပါဘူး” ဟု ဘိုင်ဒန်က သတင်းထောက်များအား ဝါရှင်တန်တွင် ပြောကြားသည်။
အနောက်အုပ်စုက ကျောထောက်ထောက်ခံပေးထားသည့် ယူကရိန်းသည် ဖေဖော်ဝါရီလအတွင်း ရုရှားကျူးကျော်စစ် စတင်ချိန်တည်းက အမေရိကန်ထံမှ စစ်ရေးအထောက်အပံ့များ ရရှိထားသည်။ သို့သော်လည်း ယူကရိန်းသည် ရုရှားတို့အသုံးပြုနေသော ဒုံးလက်နက်များနှင့် ပုံစံတူဒုံးကျည်များ ရရှိရန် လိုအပ်ကြောင်း ပြောကြားလျက်ရှိသည်။
ကီယက်ဗ်သည် ၁၈၇ မိုင်အထိကွာဝေးသည့် ပစ်မှတ်များအား တစ်ချိန်တည်းတွင် အများအပြားပစ်ခတ်နိုင်သည့် M270 MLRS နှင့် M142 Himars တို့ကဲ့သို့ နေရာရွှေ့ပြောင်း ပစ်ခတ်နိုင်သည့် တာဝေးပစ်ဒုံးကျည်များ အမေရိကန်ထံမှ တောင်းခံထားသည်။ အဆိုပါလက်နက်များသည် စစ်မြေပြင်တွင် ပစ်ခတ်သည့် အမြောက်ကြီးများထက် အကွာအဝေး ၈ ဆအထိ ပိုမိုရောက်ရှိနိုင်သည့် လက်နက်များဖြစ်သည်။
“MLRS ကတော့ ကျွန်တော်တို့ အသည်းအသန် အလိုရှိနေတဲ့လက်နက် ဖြစ်ပါတယ်” ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလေဘာက ပြီးခဲ့သည့် သီတင်းပတ်၌ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြောကြားသည်။
ယူကရိန်းသမ္မတ၏ အကြံပေး မီးခေးလိုပိုဒိုလစ်ကလည်း “၄၃ မိုင်လောက်ဝေးတဲ့နေရာကနေ ကိုယ့်ကိုလှမ်းပစ်နေတာကို ကိုယ်က ပြန်တိုက်ဖို့ဆိုတာ တော်တော်ခက်ပါတယ်” ဟု တွစ်တာပေါ်၌ ပြောကြားထားသည်။
အမေရိကန်သည် ယူကရိန်းအတွက် နောက်ထပ်အထောက်အပံ့ အမေရိကန်ဒေါ်လာ ၄၀ ဘီလျံဖိုးပေးအပ်မည်ဟု မေလအစောပိုင်းတွင် ကြေညာခဲ့သည်။