- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဇန်နဝါရီတွင် တွေ့ဆုံဆွေးနွေးရန် နေတိုးဘက်က အဆိုပြုချက် ရုရှား စဉ်းစားနေဟုဆို
ရုရှား၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်တွေ့ဆုံဆွေးနွေးရန် နေတိုးဘက်က တင်ပြချက်ကို လက်ခံရရှိထားပြီး စဉ်းစားသုံးသပ်နေကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်ဟု TASS သတင်းဌာနက ဖော်ပြသည်။
27 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၇
ရုရှား၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စတင်တွေ့ဆုံဆွေးနွေးရန် နေတိုးဘက်က တင်ပြချက်ကို လက်ခံရရှိထားပြီး စဉ်းစားသုံးသပ်နေကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်ဟု TASS သတင်းဌာနက ဖော်ပြသည်။
“ကျွန်တော်တို့ လက်ခံရရှိပါတယ်။ ဒါကို စဉ်းစားသုံးသပ်နေပါတယ်” ဟု ဝန်ကြီးကပြောကြောင်း TASS က ဖော်ပြသည်။
ယူကရိန်းနယ်စပ်တွင် တပ်သား အမြောက်အမြား ဖြန့်ချထားသည့် ရုရှား၏ လုပ်ရပ်အပေါ် အနောက်အုပ်စုဘက်က အလွန်အမင်း စိုးရိမ်လျက်ရှိပြီး နေတိုးတပ်အင်အားကို ယူကရိန်းတွင် နေရာချထားလျက်ရှိသည်။
ရုရှားသည် ပြီးခဲ့သောသီတင်းပတ်တွင် ၎င်းဆန္ဒရှိသည့် အချက်များကို ဖော်ပြခဲ့ပြီး ရုရှား၏ တောင်းဆိုချက်များတွင် နေတိုးတို့အနေဖြင့် ဥရောပအရှေ့ပိုင်းနှင့် ယူကရိန်း ဒေသများတွင် စစ်ဆေးလှုပ်ရှားမှုများ လက်လျှော့ပေးရန်လည်း ပါဝင်သည်။
ရုရှားသမ္မတပူတင်က ရုရှားအနေဖြင့် ပဋိပက္ခကို ရှောင်လွှဲလိုသော်လည်း မိမိတို့ တောင်းဆိုထားသော လုံခြုံရေးအာမခံချက်များကို အမေရိကန်နှင့် မဟာမိတ်များဘက်က ချက်ချင်း တုံ့ပြန်ပေးရန် လိုအပ်ကြောင်း ပြီးခဲ့သော ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကမူ ရုရှား၏ တောင်းဆိုချက်အချို့သည် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း၊ သို့သော်လည်း ဝါရှင်တန်အနေဖြင့် ပိုမိုခိုင်မာသည့် စိတ်ကူးစိတ်သန်းများဖြင့် ဆွေးနွေးမှုများဖြင့် တုံ့ပြန်နိုင်ကြောင်း ပြောကြားသည်။
ရုရှားဘက်က တောင်းဆိုချက်များတွင် နေတိုးအဖွဲ့ဝင် ယူကရိန်းနိုင်ငံအရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များတွင် ရုရှားအနေဖြင့် ဗီတိုအာဏာ ရရှိရေး၊ အမေရိကန်၏ နျူကလီးယားလက်နက်များကို ဥရောပမှ ဖယ်ရှားပေးရေး၊ နေတို့၏ နိုင်ငံစုံ တိုက်ခိုက်ရေးတပ်ဖွဲ့များအား ပိုလန်နှင့် ယခင် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံများဖြစ်သည့် အက်စတိုးနီးယား၊ လက်ဗီးယားနှင့် လစ်သူယေးနီးယားနိုင်ငံများမှ ထွက်ခွာပေးရေးတို့လည်း ပါဝင်သည်။
ဇန်နဝါရီ ၁၂ ရက် တွေ့ဆုံပွဲသည် ရုရှား၏ တောင်းဆိုမှုများ ထွက်ပေါ်ပြီးနောက်ပိုင်း နေတိုးဘက်က ပထမဆုံး တုံ့ပြန်ဆိုပြုချက် ဖြစ်သည်။