- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြန်မာပြည်သူ ၃ သန်းကျော် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကုလ ပြော
မြန်မာနိုင်ငံ၌ အရေးပေါ်အကူအညီများ လိုအပ်နေသူ ၃ သန်းထံသို့ လွတ်လပ်စွာ ဆက်သွယ်ဆောင်ရွက်ပြီး ထောက်ပံ့ခွင့်ပြုရန် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး အကြီးအကဲက မြန်မာစစ်တပ်ခေါင်းဆောင်များအား တနင်္လာနေ့တွင် တိုက်တွန်းလိုက်သည်။
10 Nov 2021

DMG ၊ နိုဝင်ဘာ ၁၀
မြန်မာနိုင်ငံ၌ အရေးပေါ်အကူအညီများ လိုအပ်နေသူ ၃ သန်းထံသို့ လွတ်လပ်စွာ ဆက်သွယ်ဆောင်ရွက်ပြီး ထောက်ပံ့ခွင့်ပြုရန် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး အကြီးအကဲက မြန်မာစစ်တပ်ခေါင်းဆောင်များအား တနင်္လာနေ့တွင် တိုက်တွန်းလိုက်သည်။
အကြမ်းဖက်မှုများကို ရပ်တန့်ခြင်းနှင့် မြန်မာ့ပဋိပက္ခအတွက် ငြိမ်းချမ်းသောဖြေရှင်းချက်တစ်ရပ် ရှာဖွေခြင်းတို့ မရှိပါက “ဤကိန်းဂဏန်းများသည်” ထပ်မံ၍ မြင့်တက်လာရန်သာရှိသည်ဟု ကုလအကြီးအကဲ မာတင်ဂရစ်ဖစ်က သတိပေးသည်။
ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို အလေးထားပေးကြရန်လည်း သူက အလှူရှင်များကို တိုက်တွန်းထားသည်။ မြန်မာနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်အစိုးရ ဖြုတ်ချခံရပြီးနောက်ပိုင်း အကူအညီများပေးအပ်ရန် လိုအပ်နေသော ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၈၅ သန်းတွင် ထက်ဝက်မျှ မရရှိသေးကြောင်း သူက ပြောကြားသည်။
ဗြိတိန်၏ တောင်းဆိုချက်ဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တံခါးပိတ်အစည်းအဝေး ကျင်းပချိန်၌ ယခုကဲ့သို့ ဂရစ်ဖစ်၏ ထုတ်ပြန်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
တနင်္လာနေ့သည် မြန်မာနိုင်ငံတွင် “လွတ်လပ်မျှတစွာ ကျင်းပခဲ့သည်ဟု ပြည်တွင်းနှင့် နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများက သတ်မှတ်ခဲ့ကြသည့်” ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် တစ်နှစ်ပြည့်နေ့ ဖြစ်သည်ဟု ကုလပြောခွင့်ရ စတီဖနီဒူဂျာရစ်က ပြောကြားသည်။
အဆိုပါ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီက အနိုင်ရရှိခဲ့သည်။ သို့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချကာ အာဏာရယူခဲ့ပြီး ရွေးကောက်ပွဲရလဒ်ကိုလည်း ပယ်ချခဲ့သည်။