- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ရုရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ ရောက်ရှိ
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလာဗရော့သည် ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်သို့ ရောက်ရှိနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Aug 2022

DMG ၊ ဩဂုတ် ၄
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလာဗရော့သည် ဗုဒ္ဓဟူးနေ့တွင် နေပြည်တော်သို့ ရောက်ရှိနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လာဗရော့သည် ‘လုပ်ငန်းသဘော အလည်အပတ်ခရီးစဉ်’ အတွက် နေပြည်တော်သို့ ရောက်ရှိနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ တွစ်တာအကောင့်တွင် ဖော်ပြထားသည်။
လာဗရော့အနေဖြင့် မြန်မာစစ်တပ်က ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့မည်ဟု ခရီးစဉ်အကြို ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သောသီတင်းပတ်က လွှတ်တော်အမတ်ဟောင်းတစ်ဦးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူတစ်ဦးအပါအဝင် အကျဉ်းသားလေးဦးကို မြန်မာအာဏာပိုင်များက ကွပ်မျက်ခဲ့သည်။ အဆိုပါကွပ်မျက်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာက အပြင်းအထန် ရှုတ်ချမှုများ ရှိနေချိန်၌ လာဗရော့၏ အလည်အပတ်ခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
လာဗရော့သည် ကမ္ဘောဒီးယားတွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကိုလည်း တက်ရောက်ရန် စီစဉ်ထားသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရှိဘဲ နိုင်ငံရေးနှင့် မသက်ဆိုင်သူတစ်ဦးသာ တက်ရောက်မည်ဖြစ်သည်။
ရုရှားနှင့် တရုတ်နိုင်ငံတို့သည် မြန်မာစစ်တပ်အား လက်နက်များ ထောက်ပံ့ပေးနေကြောင်း စွပ်စွဲခံထားရသည်။
စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သောဇူလိုင်လအတွင်းက မော်စကိုသို့ အလည်အပတ်သွားရောက်ခဲ့ပြီး ရုရှား အာကာသနှင့် နျူကလီးယားဆိုင်ရာ ဌာနများ၏ အရာရှိများနှင့် တွေ့ဆုံခဲ့သည်။