- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
နယူးဒေလီတွင် ဟိန္ဒူနှင့်မွတ်ဆလင်များကြား ပဋိပက္ခများဖြစ်ပွားပြီး ၁၃ ဦးသေဆုံး၊ ဆယ်စုနှစ်များစွာအတွင်း လူသေဆုံးမှုအများဆုံးဖြစ်
အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီတွင် ဟိန္ဒူနှင့်မွတ်ဆလင်များကြား ပဋိပက္ခများဖြစ်ပွားကာ ၁၃ ဦးထိသေဆုံးခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း လူသေဆုံးမှုအများဆုံးပဋိပက္ခအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း ဘီဘီစီက ဖော်ပြထားသည်။
26 Feb 2020
အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီတွင် ဟိန္ဒူနှင့်မွတ်ဆလင်များကြား ပဋိပက္ခများဖြစ်ပွားကာ ၁၃ ဦးထိသေဆုံးခဲ့ပြီး ဆယ်စုနှစ်များစွာအတွင်း လူသေဆုံးမှုအများဆုံးပဋိပက္ခအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း ဘီဘီစီက ဖော်ပြထားသည်။
ပြီးခဲ့သောတနင်္ဂနွေနေ့မှစတင်ကာ အိန္ဒိယနိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ အငြင်းပွားဖွယ်ဥပဒေတစ်ရပ်နှင့်ပတ်သက်ပြီး ထောက်ခံဆန္ဒပြသူများနှင့် ကန့်ကွက်သူများကြား ပဋိပက္ခများစတင်ဖြစ်ပွားခဲ့ရာမှ ဘာသာရေးအုပ်စုနှစ်ခုကြား တိုက်ခိုက်မှုများဖြစ်ပွားကာ ဘာသာရေးပဋိပက္ခအသွင်ဆောင်သွားခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ပထမဆုံး အိန္ဒိယသို့ အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေချိန်တွင် ထိုကဲ့သို့ မြို့တော်ဒေလီ၌ ပဋိပက္ခများဖြစ်ပွားလျက်ရှိခြင်းဖြစ်သည်။
ပဋိပက္ခများသည် သမ္မတထရမ့်နှင့် အိန္ဒိယခေါင်းဆောင်များ၊ သံတမန်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား အစည်းအဝေးများပြုလုပ်ရာ ဒေလီမြို့လယ်ခေါင်မှ အရှေ့မြောက်ဘက် ၁၁ မိုင်အကွာရှိ မွတ်ဆလင်ဘာသာဝင်များ အဓိကနေထိုင်ရာရပ်ကွက်များကို ဗဟိုပြု၍ ဖြစ်ပွားခဲ့သည်။
ပဋိပက္ခများစတင်မြစ်ဖျားခံရာ နိုင်ငံသားဖြစ်မှုဆိုင်ရာပြင်ဆင်ချက်ဥပဒေသည် အိန္ဒိယ၏အိမ်နီးချင်းနိုင်ငံများထဲမှ မွတ်ဆလင်ဘာသာဝင် အများစုနေထိုင်ရာနိုင်ငံ ၃ နိုင်ငံဖြစ်သော အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ မွတ်ဆလင်ဘာသာဝင်မဟုတ်သော ဒုက္ခသည်များအပေါ် စာနာထောက်ထားမှုပေးပြီး နိုင်ငံသားဖြစ်ခွင့်ပေးရန် စဉ်းစားပေးသွားမည့် ဥပဒေဖြစ်သည်။
ဝေဖန်သူများက ထိုဥပဒေကို မွတ်ဆလင်ဆန့်ကျင်ရေး ဥပဒေတစ်ရပ်အဖြစ် ဝေဖန်လျက်ရှိပြီး ယင်းဥပဒေကို ပြီးခဲ့သောနှစ်ကုန်ပိုင်းက အတည်ပြုလိုက်ချိန်မှ စပြီး အိန္ဒိယနိုင်ငံ၏ မွတ်ဆလင်များအဓိကနေထိုင်ရာဒေသများတွင် ကန့်ကွက်ဆန္ဒပြမှုများ ပေါ်ပေါက်လျက်ရှိခြင်းဖြစ်သည်။
အချို့ဆန္ဒပြပွဲများတွင် အကြမ်းဖက်မှုများရှိခဲ့သော်လည်း မြို့တော်ဒေလီရှိ ဆန္ဒပြပွဲများမှာမူ ယခုဖြစ်ရပ်များမတိုင်မီထိ ငြိမ်းချမ်းစွာဆန္ဒပြသောပွဲများသာ ဖြစ်ခဲ့သည်။
ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် သမ္မတထရမ့်အား သတင်းထောက်များကမေးမြန်းသောအခါတွင် ၎င်းက ထိုကိစ္စမှာ အိန္ဒိယနိုင်ငံပေါ်တွင်သာမူတည်ကြောင်း ဆင်ဝှေ့ရန်ရှောင် ဖြေဆိုခဲ့သည်။
သို့ရာတွင် မစ္စတာထရမ့်က သူ့အနေဖြင့် အိန္ဒိယနိုင်ငံအတွင်း လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိမှုနှင့် ပတ်သက်၍ သတိထားစောင့်ကြည့်ခဲ့ပြီး အိန္ဒိယအစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုများမှာ အထင်ကြီးဖွယ်ရာဖြစ်ကြောင်းလည်း မှတ်ချက်ပေးခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီကမူ ပဋိပက္ခများကြောင့် အမေရိကန်သမ္မတထရမ့်၏ အလည်အပတ်ခရီးစဉ်အပေါ် လူအများအာရုံစိုက်မှုလျော့ကျခဲ့ခြင်းကြောင့် စိတ်ပျက်လျက်ရှိကြောင်း သတင်းထောက်များက ရေးသားဖော်ပြလျက်ရှိသည်။
ပဋိပက္ခများအတွင်း ဟိန္ဒူနှင့် မွတ်ဆလင်ဘာသာဝင်များ အပြန်အလှန်တိုက်ခိုက်မှုများရှိခဲ့ကာ သေဆုံးသူများထဲတွင်လည်း ဟိန္ဒူနှင့် မွတ်ဆလင် နှစ်ဖက်လုံးမှ ပါဝင်လျက်ရှိသည်ကို တွေ့ရသည်။