- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ပါကစ္စတန်တွင် ရထားနှင့်ကား တိုက်မိ၍ လူ ၂၀ ထက်မနည်း သေဆုံး
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ဒေသတွင် အမြန်နှုန်းဖြင့် ခုတ်မောင်းလာသော ရထားတစ်စင်းနှင့် ခရီးသည်များတင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး တိုက်မိပြီး လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အိန္ဒိယတိုင်းမ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Mar 2020
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ဒေသတွင် အမြန်နှုန်းဖြင့် ခုတ်မောင်းလာသော ရထားတစ်စင်းနှင့် ခရီးသည်များတင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး တိုက်မိပြီး လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အိန္ဒိယတိုင်းမ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါ မတော်တဆမှုသည် သောကြာနေ့က ရိုရီမီးရထားဘူတာအနီးတွင် ဖြစ်ပွားခဲ့သည်။ ရာဝါပင်ဒီမှ ကရာချိသို့ ခုတ်မောင်းလာသောရထားသည် ကန်ဒါရာ ရထားဖြတ်လမ်းတွင် ခရီးသည်များတင်ဆောင်လာသော ဘတ်စ်ကားအား တိုက်မိခဲ့ခြင်းဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာ၌ ကလေးငယ်များအပါအဝင် သေဆုံးသူ အနည်းဆုံး ၂၀ ဦးရှိကြောင်း ဆူကာမြို့ ကော်မရှင်နာ ရှာဖစ်အာမက်မာဟီဆာက အတည်ပြုပြောကြားသည်။ ပြင်းထန်ဒဏ်ရာရရှိသူလည်း အများအပြားရှိသဖြင့် သေဆုံးသူဦးရေ တိုးလာနိုင်သေးကြောင်း ကော်မရှင်နာက ဆိုသည်။
“ရိုရီနဲ့ ဆူကာမြို့က ဆေးရုံတွေမှာ ဒဏ်ရာရသူ ၆၀ ထက်မနည်း ကုသမှုခံယူနေပါတယ်။” ဟု ၎င်းကပြောကြားသည်။
ဘတ်စ်ကားပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသည် ၅၀ ကျော်ရှိပြီး ဆူကာမြို့မှ ပန်ဂျပ်ပြည်နယ်သို့ သွားရောက်ခြင်း ဖြစ်သည်။ ဂိတ်စောင့်မရှိသော ရထားဖြတ်လမ်း၌ အရှိန်ဖြင့် ခုတ်မောင်းလာသော ရထားရှေ့မှ အတင်းဖြတ်ကျော်စဉ် အတိုက်ခံရခြင်းဖြစ်သည်။ ခုတ်မောင်းလာသော ရထား၏အရှိန်ကြောင့် ကားသည် သုံးပိုင်းပြတ်သွားပြီး ရထားနှင့်အတူ ပေ ၂၀၀ ခန့် ဒရွတ်ဆွဲပါသွားသည်။
ယခုမတော်မဆမှုအား စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဟု ရထားလမ်းများ စစ်ဆေးရေး ဗဟိုဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသွားသည်။
ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် ဂိတ်စောင့်မရှိသော ရထားဖြတ်လမ်းစုစုပေါင်း ၂၄၇၀ ဂိတ်ရှိသည်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များအား အဆိုပါနေရာများ၌ ဂိတ်မှူးများခန့်အပ်ကြရန် အကြောင်းကြားသည်မှာ အကြိမ်ပေါင်းများစွာ ရှိနေပြီဖြစ်သည်။